■ သြစတြီးယားနှင့်ပွဲ၌ လီဝန်ဒေါစကီး ကစားနိုင်ရန် ပိုလန်အသင်း မျှော်လင့်     

■ သြစတြီးယားနှင့်ပွဲ၌ လီဝန်ဒေါစကီး ကစားနိုင်ရန် ပိုလန်အသင်း မျှော်လင့်     
Photo: Getty Images
Photo: Getty Images
Published 21 June 2024

ပိုလန်အသင်းသည် သောကြာနေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် သြစတြီးယားနှင့်ပွဲ၌ တိုက်စစ်မှူး လီဝန်ဒေါစကီး ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ 

ပိုလန်အသင်း၏ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပေါင်ခြံဒဏ်ရာကြောင့် နယ်သာလန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။ 

ပိုလန်အသင်း၏နည်းပြ ပရိုဘီယာ့ဇ်က "ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ကို အရန်ခုံမှာ ထားရတာနဲ့ ကွင်းထဲမှာ ထားရတာ ခြားနားချက်က ကြီးမားပါတယ်။ လီဝန်ဒေါစကီးအတွက် ဆေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပြီး လာမယ့်ပွဲမှာ သူ့ကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၅) နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ဇွန်လ (၇) ရက်က ကစားခဲ့သည့် ခြေစမ်းပွဲ ပိုလန် (၃-၁) ယူကရိန်းပွဲတွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent