■ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 23 August 2024

ဘရိုက်တန် - မန်ယူ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ညနေ ၆:၀၀ နာရီ)

ဘရိုက်တန်က နည်းပြသစ်နဲ့ ရာသီသစ်ကို In-style ပုံစံနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်။ ကစားသွားတာလည်း အရမ်းကောင်းသလို တောင်ပံနှစ်ဖက်ရဲ့ အလုပ်လုပ်ပုံ၊ အထောင်တိုက်စစ်မှူးပီသတဲ့ ဝဲလ်ဘက်တို့နဲ့ အရမ်းအချိတ်အဆက်မိခဲ့တယ်။ ဒီရာသီမှာ ဘရိုက်တန်ရဲ့ကြောက်စရာအကောင်းဆုံးကစားသမားဖြစ်လာနိုင်သူက ညာတောင်ပံက အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမား အဒင်ဂရာဖြစ်ပြီး အဲဗာတန်ခံစစ်မှာ တစ်ဦးချင်းထိန်းချုပ်ပုံကောင်းတဲ့ မိုကိုလန်ကိုကို အကြီးအကျယ်ထိုးနှက်ခဲ့တာ တွေ့ရတယ်။ မန်ယူနိုက်တက်အတွက်တကယ်ခက်ခဲမယ့်ပွဲပါ။ အဲရစ်တန်ဟက်ဂ်ရဲ့အသင်းမှာ ကြယ်ပွင့်တွေကို မြင်နေရပြီး အလုပ်လုပ်ပုံ ပိုကောင်းလာပေမယ့် ဘရိုက်တန်ကအရမ်းခက်ခဲပါတယ်။ မန်ယူနိုက်တက်ကိုလည်း အလဲထိုးနေကျအသင်းဖြစ်တယ်။ ဘရိုက်တန်ကို ကြိုက်တယ်။ 



ခရစ္စတယ်ပဲလေ့စ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၃၀ နာရီ)

ဂလက်စ်နာရဲ့ ပဲလေ့စ်ရော လိုပယ်တယ်ဟီရဲ့ ဝက်စ်ဟမ်းရော ရာသီအဖွင့်ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီတွေ့ခဲ့ကြတယ်။ ကစားပုံအရ ကြည့်ရင် ခရစ္စတယ်ပဲလေ့စ်က ပိုကြောက်စရာကောင်းတဲ့အသင်းဖြစ်တာကို တွေ့ရတယ်။ ပဲလေ့စ်မှာ အိုလီဆေးမရှိတော့ပေမယ့် မြန်နှုန်းမြင့်ပြီး အားကောင်းတဲ့ကစားသမားတွေရှိနေသေးတယ်။ ဝက်စ်ဟမ်းကို မြင်ရတာက Team Work အားနည်းနေသေးတဲ့ သဘောဖြစ်နေတယ်။ ပဲလေ့စ်ကို ကြိုက်တယ်။ 



ဖူလ်ဟမ် - လက်စတာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၃၀ နာရီ)

ဖူလ်ဟမ်က ရာသီအဖွင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့တယ်။ လက်စတာကလည်း ခြေစွမ်းကောင်းရော၊ စိတ်ဓာတ်ကောင်းပါ မြင်တွေ့ခဲ့ရတဲ့အသင်းပါ။ ဒါပေမဲ့ ဒီနှစ်သင်းရဲ့ ကစားဟန်ကို ကြည့်ရင် ဖူလ်ဟမ်က ပိုပြီး စနစ်ကျတယ်။ တိုက်စစ်အခင်းအကျင်းမှာ ချိတ်ဆက်ကစားပုံ ပိုကောင်းတာကိုလည်း တွေ့ရတယ်။ ဖူလ်ဟမ်ပဲ ကြိုက်တယ်။ 



မန်စီးတီး - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၃၀ နာရီ)

မန်စီးတီးအသင်းအတွက် အခက်အခဲမရှိတဲ့ ပွဲတစ်ပွဲပါ။ ကီရင်မက်ကင်နာက အရည်အသွေးရှိသူတစ်ဦးဖြစ်ပြီး အစ်စ်ဝစ်ချ်ကို အများကြီး ပြောင်းလဲပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အရည်အသွေးပိုင်းဆိုင်ရာ အကန့်အသတ်ရှိတယ်။ မန်စီးတီးရဲ့ တိုက်စစ်ကစားဟန်ကို အစ်ဝစ်ချ် ထိန်းချုပ်ဖို့၊ ရပ်တန့်ဖို့လည်း အခက်အခဲတွေရှိပါတယ်။ ဟာလန်းရဲ့ သွင်းဂိုးတွေကိုလည်း မြင်ရလိမ့်မယ်။ မန်စီးတီး ဂိုးပြတ်သွင်းမယ်။



ဆောက်သမ်တန် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၃၀ နာရီ)

လူငယ်ကြယ်ပွင့်တွေနဲ့ ဆောက်သမ်တန်အသင်းက ရာသီအဖွင့်ပွဲစဉ်မှာ နယူးကာဆယ်ကို အခက်အခဲ တချို့ပေးနိုင်ခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့ဘူး။ နော်တင်ဟမ်ဖောရက်စ်က နည်းပြနူနိုနဲ့အတူ စုဖွဲ့မှုနဲ့ တိုက်စစ်ကစားပုံကောင်းသလို စိတ်ဓာတ်လည်း ကောင်းတဲ့အသင်းတစ်သင်းဖြစ်တယ်။ ဖောရက်စ်နဲ့ ဆောက်သမ်တန်တို့က ကစားပုံဆင်ပေမယ့် ဖောရက်စ်က ပိုပြီး ကစားပုံခိုင်မာတယ်။ ဖောရက်စ်ကို ကြိုက်တယ်။ 



စပါး - အဲဗာတန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်ကတော့ အလွန်ရိုးစင်းတဲ့ တိုက်စစ်ကစားပုံ၊ မခိုင်မာတဲ့ ခံစစ်ကြောင်းတွေနဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကို ဂိုးပြတ်ရှုံးသွားခဲ့တယ်။ စပါးကလည်း (၃) မှတ်ရသင့်တဲ့ပွဲတစ်ပွဲကို တိုက်စစ်ပိုင်း အဆုံးသတ်အရည်အသွေးအားနည်းမှုနဲ့ သရေတစ်မှတ်ပဲရခဲ့တယ်။ တကယ်တော့ စပါးနိုင်ကို နိုင်ခဲ့သင့်တဲ့ပွဲပါ။ ဒီပွဲက စပါးအတွက် နောက်ထပ်နိုင်သင့်တဲ့ ပွဲတစ်ပွဲဖြစ်နေတယ်။ နိုင်ပွဲရလိမ့်မယ်ထင်တယ်။ 



အက်စတွန်ဗီလာ - အာဆင်နယ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၁၁:၀၀ နာရီ)

အားလုံးရဲ့မျက်လုံးတွေက ဗီလာပါ့ခ်မှာ ကစားမယ့် အက်စတွန်ဗီလာ-အာဆင်နယ်ပွဲကို စိတ်ဝင်စားနေကြလိမ့်မယ်။ မနှစ်က အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ရာသီပိတ်ခါနီး ခြေချော်သွားခဲ့တဲ့ပွဲက ဗီလာကို ရှုံးခဲ့တာဖြစ်ပြီး (၄) ရက်အကြာမှာ ဘိုင်ယန်မြူးနစ်ကြောင့် ချန်ပီယံလိဂ်ကနေ ထပ်မံထွက်ခွာခဲ့ရတယ်။ တကယ်တော့ အာဆင်နယ်ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ယုံကြည်မှုတွေကို အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီက ဖျက်ဆီးလိုက်တာတောင် ပြောလို့ရတယ်။ ပိုဆိုးတာက နှစ်ကျော့စလုံး ရှုံးခဲ့တဲ့အသင်းလည်းဖြစ်တယ်။ မီခေးလ်အာတီတာအတွက် ဒီရာသီမှာ သူအနိုင်ချင်ဆုံးအသင်းဆိုရင် အက်စတွန်ဗီလာအသင်းလို့ပဲ ပြောရလိမ့်မယ်။ အူနိုင်းအမ်မရီကိုလက်စားချေချင်နေလိမ့်မယ်။ လက်ရှိခြေစွမ်းအရတော့ ဗီလာက အာဆင်နယ် လွယ်လွယ်ကူကူနိုင်မယ့်အသင်းမျိုး မဟုတ်ပါဘူး။ သရေကျဖို့များတယ်။