ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားနှင့် တွေ့ဆုံခြင်း

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားနှင့် တွေ့ဆုံခြင်း
Photos: AFP
Photos: AFP
Published 26 June 2024
Al Nino

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ကယ်လ်ဗင်ဒီဘရိုင်းနားက ကစားသမားဘဝသက်တမ်းအတွင်း (၃)ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် လက်ရှိ ယူရို ၂၀၂၄ မှာ ယှဉ် ပြိုင်နေတာဖြစ်ပါတယ်။ အသက် (၃၂)နှစ်အရွယ် ဒီဘရိုင်းနားက မန်စီးတီးအသင်းနဲ့ ရနိုင်သမျှ အောင်မြင်မှုအားလုံးရယူထားပေမဲ့ လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုရဖို့ ရုန်းကန်နေရဆဲပါ။ ဘယ်လ်ဂျီယံက အဖွင့်ပွဲမှာ ဆလိုဗက်ကီးယားကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပေမဲ့ ပွဲစဉ် (၂)မှာ ရိုးမေးနီးယားကို အနိုင်ယူနိုင်ခဲ့ပါတယ်။  UEFA နဲ့ တွေ့ဆုံရာမှာ ဒီဘရိုင်းနားက ဒီပြိုင်ပွဲအကြောင်း အခုလို ဖြေကြားခဲ့ပါတယ်။

"အရှိန်ကောင်းကောင်းရသွားရင် ယူရိုလိုပြိုင်ပွဲမျိုးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်"

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားနှင့် တွေ့ဆုံခြင်း

■ ရိုမေးနီးယားကို နိုင်ခဲ့တဲ့ပွဲ

ကျွန်တော်တို့ ကစားခဲ့တာ အရမ်းကောင်းခဲ့တယ်လို့ ထင်တယ်။ ဒုတိယပိုင်းမှာ ပြိုင်ဘက်ကို အခွင့်အရေးတချို့ ပေးခဲ့ရပေမဲ့ ကျွန်တော်တို့လည်း ဂိုးသွင်းခွင့်တွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဘယ်လ်ဂျီယံအသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်တယ်။

■ ဘယ်လ်ဂျီယံရဲ့ အားနည်းချက်

အမှားတချို့ လုပ်ခဲ့ပေမဲ့ ကျွန်တော်တို့ ကစားခဲ့တာ ကောင်းပါတယ်။ သူတို့ အခွင့်အရေး နည်းနည်း ရခဲ့တာမှန်ပေမဲ့ တိုက်စစ်နဲ့ ခံစစ် နှစ်မျိုးလုံးမှာ ကျွန်တော်တို့ ပုံစံကောင်း ပြခဲ့တယ်။ တစ်ခါတစ်ရံ အမှားလုပ်မိတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သူတို့ အသုံးမချနိုင်ခဲ့ဘူး။ ဒီနေ့တော့ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်တယ်။

■ ယူရို ၂၀၂၄ အပေါ်  ရှုမြင်ပုံ

ဒီနေရာကို ရောက်လာရတာ အရမ်းကောင်းပါတယ်။ ဘယ်သူမှ ပြင်ဆင်မှုကို အကြာကြီးလုပ် မနေချင်ပါဘူး။ လူတိုင်းပြိုင်ပွဲကြီးမှာ ကစားချင်တဲ့ သူတွေချည်းပဲ။ အုပ်စုအဆင့်ကနေ ကျွန်တော်တို့ ကျော်ဖြတ်ချင်ပါတယ်။ ပြီးရင်တော့ ဘာဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့။

■ လက်ရွေးစင်အသင်းအတွက် ပွဲ (၁၀၀) ကျော် မှတ်တမ်း

ဂုဏ်ယူပါတယ်။ လူတွေက ကျွန်တော်တို့အသင်း ချန်ပီယံမဖြစ်တာကို ပြောကြတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံအတွက် ကျွန်တော်စပြီး ပွဲထွက်တုန်းက ကွင်းထဲမှာ ပရိသတ် (၅)ထောင်လောက်ပဲ ရှိခဲ့တယ်။ ၂၀၁၄ ကနေစပြီး ကွင်းထဲမှာ ပရိသတ်တွေ တဖြည်းဖြည်း များလာခဲ့တယ်။ ကျွန်တော်တို့ နောက်မှာ ကွင်းလုံးပြည့် ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ တိုးတက်မှုက မယုံနိုင်လောက်အောင်ပါပဲ။ ဒီအရာတွေက တခြားနိုင်ငံတွေနဲ့ ကျွန်တော်တို့ ကြားမှာ ကွာခြားတဲ့အရာတွေပါ။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းအတွက် ကောင်းတဲ့အရာတွေ ယူဆောင်လာနိုင်ဖို့ ကျွန်တော် အလုပ်ကြိုးစားနေပါတယ်။

■ နည်းပြ တယ်ဒက်စကို

နည်းပြဟောင်း မာတီနက်ဇ်နဲ့အတူ ဘယ်လ်ဂျီယံအသင်း ဘယ်တုန်းကမှ မရဖူးတဲ့ မယုံနိုင်လောက်တဲ့အရာတွေကို ယူခဲ့၊ လုပ်ခဲ့ပြီးပြီ။ ဒါကြောင့် တယ်ဒက်စကိုအတွက် ဖိအားတွေ ရှိပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားကနေစပြီး သူက လူငယ်တွေနဲ့ လုံးဝခြားနားတဲ့ အသင်းကို တည်ဆောက် နေခဲ့တာပါ။ သူက ပေါင်းသင်းဆက်ဆံရေးမှာလည်း တံခါးဖွင့်ထားတဲ့သူပါ။ ခြေစစ်ပွဲအဆင့်မှာကတည်းက သူ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။

■ ဘယ်လ်ဂျီယံအတွက် အခွင့်အရေး

စာရွက်ပေါ် မှာတော့ ကျွန်တော်တို့အသင်းထက်ပိုပြီး ရေပန်းစားတဲ့အသင်းတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလို ပြိုင်ပွဲမျိုးမှာ တည်ငြိမ်မှုကို ရှာဖွေရတာပါ။ အရှိန်ကောင်းကောင်းရသွားရင် ဘာမဆို ဖြစ် နိုင်ပါတယ်။ ယူရို ပြိုင်ပွဲမတိုင်ခင် ကျွန်တော်တို့ ကစားခဲ့တဲ့ ခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဖွင့်ပွဲ နိုင်ဖို့က အရေးကြီးပေမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ အဖွင့်ပွဲ နိုုင်ခဲ့တာပဲ။ ဒါပေမဲ့ အုပ်စုက တက်အောင် မလုပ်နိုင်ခဲ့ ဘူး။ လာမယ့်ရက်တွေအတွင်း အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ ကျွန်တော်တို့ ပြင်ဆင်သွားပါမယ်။ ရုပ်ပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ အဆင်သင့် ဖြစ်နေစေရမယ်။

Most Read

Most Recent