လီဗာပူးလ်လက်ထောက်နည်းပြ ပက်လင်ဒါစ် သြစတြီးယားထိပ်သီးကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရ

လီဗာပူးလ်လက်ထောက်နည်းပြ ပက်လင်ဒါစ် သြစတြီးယားထိပ်သီးကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရ
Photo: Daily Mail
Photo: Daily Mail
Published 18 May 2024

 

လီဗာပူးလ်အသင်း၏ လက်ထောက်နည်းပြဖြစ်သူ ပက်လင်ဒါစ်သည် သြစတြီးယားထိပ်သီးကလပ် ရက်ဘူးလ်ဆာလ်ဇ်ဘာ့ဂ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရှိရသည်။

အသက် (၄၁) နှစ်ရှိပြီဖြစ်သည့် ဒတ်ချ်နည်းပြ လင်ဒါစ်သည် လီဗာပူးလ်အသင်းအား ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်စဉ် ၂၀၁၄ ခုနှစ်ကတည်း က ဖွံ့ဖြိုးတိုးတက်ရေးနည်းပြအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ 

ထို့နောက် လင်ဒါစ်သည် ယာဂန်ကလော့ပ်လက်ထက်တွင ်လည်း အရေးပါသူဖြစ်လာပြီး လက်ထောက်နည်းပြအဖြစ်  ဆောင်ရွက်ခဲ့သည်။ ၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် NEC အသင်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့သော်လည်း (၆)လအကြာမှာပင် လီဗာပူးလ်အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ 

လင်ဒါသည် ဆာလ်ဇ်ဘာ့ဂ် အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထား ကြောင်း သိရသည်။ ပက်လင်ဒါစ်က "ဆာလ်ဇ်ဘာ့ဂ် အသင်းရဲ့နည်းပြရာထူး ခန့်အပ်ခံရတဲ့အတွက် ကျွန်တော် အရမ်းဝမ်းမြောက်ဂုဏ်ယူမိပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent