■ ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 August 2024

လိုက်ပ်ဇစ် - ဘိုဟုမ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၀၀ နာရီ)

ဘိုဟုမ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ Play-off ကစားပြီး မှ တင်ကျန်ရစ်ခဲ့တာဖြစ်တယ်။ လိုက်ပ်ဇစ်အသင်း ဂိုးပြတ်နိုင်ဖို့ များတယ်။



ဟော်ဖန်ဟင်မ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း အားဖြည့်ပြင်ဆင်မှု သိပ်မလုပ်ထားပေမဲ့ တန်းတက်ကလပ်ကိုတော့ အိမ်ကွင်းမှာ အနိုင်ကစား နိုင်စွမ်း ရှိပါသေးတယ်။



ဖရိုင်းဘတ် - စတုဂတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၀၀ နာရီ)

စတုဂတ်အသင်းမှာ ကစားသမားအဝင်အထွက်များပြီး အဓိကကစားသမားပိုင်း အပြောင်းအလဲများနေလို့ ချက်ချင်းအထိုင်ကျဖို့တော့ မလွယ်လောက်သေးဘူး။ ဖရိုင်းဘတ်အသင်းကိုပဲ ကြိုက်တယ်။



အော့စ်ဘတ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီ တွေ့ဆုံမှုမှာတော့ ၀ါဒါဘရီမင်အသင်းက နှစ်ကျော့စလုံး အနိုင်ရခဲ့တယ်။ အခုပွဲလည်း ၀ါဒါဘရီမင် အမှတ်ရဦးမယ်။



မိန့်ဇ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၈:၀၀ နာရီ)

မိန့်ဇ်အသင်းထက် အူန်ယွန်းဘာလင်အသင်းက နွေရာသီပြင်ဆင်မှု ပိုသာတဲ့အနေအထားမှာ ရှိပါတယ်။ အူန်ယွန်းဘာလင်ကိုပဲ ရွေးချင်တယ်။



ဒေါ့မွန် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၁၁:၀၀ နာရီ)

ဒေါ့မွန်အသင်းရဲ့အခုရာသီအတွက် ပြင်ဆင်မှုတွေက အားရစရာကောင်းပြီး ကွင်းထဲမှာ လက်တွေ့ပြသဖို့ပဲ ကျန်ပါတော့တယ်။ အိမ်ကွင်းမှာ အနိုင်များတဲ့ ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်ချင်တယ်။