မျှော်လင့်ချက်တွေအတွက်အရှုံးမပေးခဲ့သူ ကော်အူတို

မျှော်လင့်ချက်တွေအတွက်အရှုံးမပေးခဲ့သူ ကော်အူတို
Photos: X
Photos: X
Published 31 July 2024

ဂျီရိုနာဗဟိုပြု ၂၀၂၄ နွေစျေးကွက်အရွေ့မှာ ပရိသတ်အတွက်နောက်ထပ်စောင့်ကြည့်ချင်စရာဖြစ်လာတဲ့ ကစားသမားတစ်ဦးကတော့ ဘရာဇီးလ်နောက်ခံလူ အီယန်းကော်အူတိုပါပဲ။ အသက် (၂၂)နှစ်အရွယ်သာရှိသေးတဲ့ ကော်အူတို ဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ ဂျီရိုနာအသင်းထံ ဒုတိယအကြိမ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝရဲ့ အမှန်ကန်ဆုံးသော အချိုးအကွေ့တစ်ခု ဖြစ်စေခဲ့ပါတယ်။ ကော်အူတိုဟာ အသက် (၁၈)နှစ်အရွယ် ၂၀၂၀ ခုနှစ်ကတည်းက ဘရာဇီးလ်စီးရီးအေကလပ် ကိုရီတီဘာအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး၊ ဘာစီလိုနာအသင်းနဲ့လည်း သတင်းတွေ နီးနီးစပ်စပ်ထွက်ပေါ်ခဲ့သူပါ။ ကိုရီတီဘာအသင်းနဲ့ ကြီးကြီးမားမားမစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကော်အူတိုရဲ့ ပင်ကိုယ်အရည်အသွေးက ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေအတွက် အဓိကဆွဲဆောင်မှုဖြစ်ခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ အနာဂတ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

 

Most Read

Most Recent