ဒတ်ချ်နည်းပြနှစ်ယောက်ရဲ့ အင်္ဂလန်ဒါဘီစိန်ခေါ်မှု

ဒတ်ချ်နည်းပြနှစ်ယောက်ရဲ့ အင်္ဂလန်ဒါဘီစိန်ခေါ်မှု
Photo: Getty Images
Photo: Getty Images
Published 31 August 2024
Wai Yan Aung

ပရီးမီးယားလိဂ်က နိုင်ငံခြားသားနည်းပြတွေရဲ့ စားကျက်မြေတစ်ခုလိုဖြစ်နေတာကြောင့် ဒီရာသီမှာ ဒတ်ချ်နည်းပြနှစ်ယောက် ရောက်ရှိနေတာ သိပ်တော့ မထူးဆန်းပါဘူး။ အရင်က တစ်ရာသီတည်းမှာ ဒတ်ချ်နည်းပြ သုံးဦးအထိ ကိုင်တွယ်ခဲ့တာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဒတ်ချ်နည်းပြ သုံးဦးအထိ အတူဆုံခဲ့ကြဖူးတဲ့ ၂၀၁၄-၁၅ ရာသီတုန်းက လူးဝစ်ဗန်ဟားလ်က မန်ယူ၊ ရော်နယ်လ်ကိုးမန်းက ဆောက်သမ်တန်၊ အက်ဒ်ဗိုကတ်က ဆန်းဒါးလန်းကို ကိုင်တွယ်ခဲ့တာပါ။ ဒါကြောင့် ရင်ခုန်စရာ အားပြိုင်မှုကို မမြင်တွေ့ခဲ့ရဘူးလို့ ဆိုရပါမယ်။ လက်ရှိ ဒတ်ချ်နည်းပြနှစ်ယောက်ကတော့ မန်ယူအသင်းကို ကိုင်တွယ်နေတဲ့ တန်ဟက်ဂ်နဲ့ လီဗာပူးလ်အသင်းကို ကိုင်တွယ်နေတဲ့ အာနယ်ဆလော့တို့ဖြစ်တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အားပြိုင်မှုတစ်ခုကို မြင်တွေ့ရမယ့် အခြေအနေပါ။ ဒါ့အပြင် မန်ယူနဲ့ လီဗာပူးလ်က အင်္ဂလန်ဒါဘီလို့ တင်စားခံရတဲ့ ပြိုင်ဘက်တွေဖြစ်တာကြောင့် ဒတ်ချ် နည်းပြနှစ်ယောက်ရဲ့ ပထမဆုံးသော အင်္ဂလန်ဒါဘီ စိန်ခေါ်မှုလို့လည်း ဆိုနိုင်ပါတယ်။

 

Most Read

Most Recent