ဟွမ်ဂျောင်မင် ပါဝင်သည့် I, the Executioner အက်ရှင်မှုခင်းဇာတ်ကားကို စက်တင်ဘာ ၁၃ ရက်တွင် ရုံတင်မည်

ဟွမ်ဂျောင်မင် ပါဝင်သည့် I, the Executioner အက်ရှင်မှုခင်းဇာတ်ကားကို စက်တင်ဘာ ၁၃ ရက်တွင် ရုံတင်မည်
Photo: Soompi
Photo: Soompi
Published 5 July 2024

မင်းသားဟွမ်ဂျောင်မင်နှင့် ဂျောင်ဟယ်အင်းတို့ ပါဝင်သရုပ်ဆောင်ထားသည့် အက် ရှင်မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား I, the Executioner ကို စက်တင်ဘာ ၁၃ ရက်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။

၂၀၁၅ ခုနှစ်က ရုံပရိသတ်အကြိုက်တွေ့ခဲ့သည့် Veteran ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး မှုခင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို ဝင်ရောက်လာသည့် စုံထောက်လက်သစ်ပတ်ဆွန်ဝူအဖြစ် မင်းသားဂျောင်ဟယ်အင်းက သရုပ်ဆောင်ထားသည်။ ပတ်ဆွန်ဝူနှင့် အလုပ်တွဲလုပ်သည့် ၀ါရင့်စုံထောက် ဆောဒိုချယ်အဖြစ် ဟွမ်ဂျောင်မင်ကိုမြင်ရမည်ဖြစ်ပြီး စုံထောက်နှစ်ဦးက ကွင်းဆက်လူသတ်သမားတစ်ဦးကို လိုက်ဖမ်းသည့်ဇာတ်လမ်းဖြစ်သည်။

I, the Executioner သည် ယခုနှစ်ကိန်းရုပ်ရှင်ပွဲတော်တွင်ပြသခွင့်ရသည့် တစ်ခုတည်းသော ကိုရီးယားဇာတ်ကားဖြစ်ပြီး မှတ်ချက်ကောင်းများရခဲ့သည်။ ကိန်းပွဲတော်သို့လည်း မင်းသားနှစ်ဦးတက်ရောက်ခဲ့သည်။ The Unjust ၊  The Berlin File ၊ Veteran စသည့် အက်ရှင်မှုခင်းဇာတ်ကားကောင်းများကိုရိုက်ကူးခဲ့သူ ဒါရိုက်တာယူဆွန်ဝမ်၏ လက်ရာဖြစ်နေခြင်းကြောင့်  ပရိသတ်က ပိုစိတ်ဝင်စားနေကြသည်။

“၂၀၁၅ မှာ Veteran ထွက်လာပြီးတော့  နောက်ဆက်တွဲဆက်ရိုက်ဦးမယ်လို့ စိတ်ကူးထားခဲ့တာ။စိတ်ထဲမှာ ကိုးနှစ်လောက်ရှိနေခဲ့တဲ့အရာပေါ့။ ပရိသတ်ကြိုက်ဖို့ပဲ မျှော်လင့်တယ်” ဟု ဒါရိုက်တာယူဆွန်ဝမ်က မှတ်ချက် ပေးထားသည်။၀ါရင့်မင်းသားဟွမ်ဂျောင်မင်၏ The Point Men  ဇာတ်ကားမှ သံတမန်ဇာတ်ရုပ်သည် အားရစရာကောင်းခဲ့ပြီး ယခုစုံထောက်ဇာတ်ရုပ်နှင့် မည်မျှလိုက်ဖက်နေမည်ကို I, the Executioner က ပြသလိမ့်မည်။

Most Read

Most Recent