ဟစ်ဇ်ဘိုလာနှင့် အစ္စရေး စစ်ဖြစ်မည်ဆိုပါက အဆိုပါစစ်ပွဲ၌ တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်ဟု အီရတ်လက်နက်ကိုင်အုပ်စု သတိပေး

ဟစ်ဇ်ဘိုလာနှင့် အစ္စရေး စစ်ဖြစ်မည်ဆိုပါက အဆိုပါစစ်ပွဲ၌ တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်ဟု အီရတ်လက်နက်ကိုင်အုပ်စု သတိပေး
အစ္စရေးမြောက်ပိုင်းနှင့်လက်ဘနွန်နယ်စပ်အနီး၌ အစ္စရေးတိုက်လေယာဉ်ပျံသန်းနေပုံကို ဇူလိုင် ၃ ရက်တွင်တွေ့ရစဉ်(Photo: AFP)
အစ္စရေးမြောက်ပိုင်းနှင့်လက်ဘနွန်နယ်စပ်အနီး၌ အစ္စရေးတိုက်လေယာဉ်ပျံသန်းနေပုံကို ဇူလိုင် ၃ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 4 July 2024

ဂါဇာတွင် စစ်ဖြစ်နေပြီး ထိုစစ်ပွဲကလက်ဘနွန်ကို ကူးစက်လာရန် ခြိမ်းခြောက်နေချိန်တွင် အီရတ်စစ်သွေးကြွအုပ်စုများက ၎င်းတို့သည် အစ္စရေး၊ အမေရိကန်တို့နှင့်ဖြစ်ပွားသည့် စစ်ပွဲ၌ ပါဝင်ရန် အသင့်ဖြစ်နေသည်ဟု သတိပေးပြောကြားခဲ့သည်။

လက်ဘနွန်တွင် အင်အားအပြည့်သုံးသော စစ်ပွဲဖြစ်ပွားမည်ဆိုပါက ပဋိပက္ခကိုပဋိပက္ခခြင်းရှင်းရမည့် အနေအထားဖြစ်လာလိမ့်မည်ဟု အီရတ်အစ္စလာမ်မစ်တော်လှန် ရေးအုပ်စု၏မြေပြင် တပ်မှူးတစ်ဦးက ပြော ကြားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပေးထားသော အစ္စလာမ်မစ်တော်လှန်ရေးအုပ်စုသည် ကျွမ်းကျင်သူများနှင့် အကြံပေးများကို လက်ဘနွန်သို့ စေလွှတ်ထားသည်ဟု အမည်မဖော်လိုသူ တပ်မှူးက အေအက်ဖ်ပီကို ပြော ကြားခဲ့သည်။

အစ္စရေးနှင့်လက်ဘနွန်၏ဟစ်ဇ်ဘို လာတို့စစ်ပွဲကြီးဖြစ်လာမည်ဆိုပါက ထိုစစ်ပွဲသည် လက်ဘနွန် ပိုင်နက်ထဲအထိကန့်သတ် ဖြစ်ပွားမည့်စစ်ပွဲဖြစ်လာလိမ့်မည်မဟုတ်ဟု အီရတ်နိုင်ငံရေး သိပ္ပံပညာရှင် အလီအယ်လ်ဘိုင်းဒါက ပြောကြားသည်။

“အီရတ်က လက်နက်ကိုင်အုပ်စုတွေနဲ့ဒေသတွင်း လက်နက်ကိုင်အုပ်စုတွေဟာစစ်ပွဲမှာ ပါဝင်လာကြပါလိမ့်မယ်။ အဲဒီလက်နက်ကိုင်အုပ်စုတွေဟာ သူတို့ရဲ့စွမ်းရည်တွေကို ပြသချင်နေရုံသာမက သူတို့ရဲ့မဟာမိတ်တွေကို သစ္စာရှိတယ်ဆိုတာကိုလည်းပြသချင်နေကြတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြား ခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် သွေးထွက်သံယိုအများဆုံး ဂါဇာစစ်ပွဲဖြစ်ပွားခဲ့သည်။

ဂါဇာစစ်ပွဲသည် “တော်လှန်ရေး မဟာမိတ်”ဟုခေါ်သည့် အီရန်လိုလားသော လက် နက်ကိုင်အုပ်စုအချို့ပါဝင်လာစေနိုင်သည် အထိလျင်မြန်စွာ ကျယ်ပြန့်လာနေသည်။ အဆိုပါတော်လှန်ရေးမဟာမိတ်များသည် ပါလက်စတိုင်းပြည်သူများနှင့်အတူ တစည်း တလုံးတည်းရှိနေကြောင်း ထုတ်ဖော်ပြသလျက်ရှိကြပြီး ဂါဇာ၌ အစ္စရေးလုပ်ဆောင်နေသောထိုးစစ်ကို ရပ်တန့်ရန် တောင်းဆိုနေကြသည်။

တော်လှန်ရေးမဟာမိတ်အဖွဲ့တွင် လက်ဘနွန်၏ဟစ်ဇ်ဘိုလာ၊ ယီမင်၏ဟူရ်သီသူပုန်အဖွဲ့တို့ပါဝင်သည်။ ဟူရ်သီသည် အစ္စရေးသင်္ဘောများကိုလည်းကောင်း၊ အစ္စရေးနှင့် ဆက်စပ်နေသော သင်္ဘောများကိုလည်း ကောင်းတိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။   ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံတို့တွင်ရှိ သောလက်နက်ကိုင်အုပ်စုများသည်လည်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွင် ပါဝင်နေသည်။

လွန်ခဲ့သော သီတင်းပတ်များတွင် အီရန်ရှိ အစ္စလာမ်မစ်တော်လှန်ရေးအုပ်စုက အစ္စရေးနိုင်ငံရှိ ပစ်မှတ်များကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး အဆိုပါဒရုန်းတိုက်ခိုက်မှုအများစုကို ဟူရ်သီနှင့်အတူ ပူးပေါင်းစစ်ဆင်ရေးလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဧပြီကတည်းက အရှေ့ဘက်မှ ဝေဟင်တိုက်ခိုက်မှုအချို့ရှိခဲ့သည်ဟု တိုက်ခိုက်သောအဖွဲ့၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ အစ္စရေးစစ်တပ်က အတည်ပြုပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ ဒရုန်းများ သည် အစ္စရေးဝေဟင်ပိုင်နက်သို့ဝင်မလာမီ အားလုံးပစ်ချခံခဲ့ရသည်ဟု အစ္စရေးကပြောကြားခဲ့သည်။

အီရတ်အခြေစိုက် အစ္စလာမ်မစ်တော်လှန်ရေးအုပ်စုသည် တိုက်ခိုက်မှုများလုပ်ဆောင်ရန်လိုလားကြောင်း ယခင်က ပြသခဲ့ပြီးဖြစ်သည်။

အစ္စလာမ်မစ်တော်လှန်ရေးအုပ်စုသည်  နိုင်ငံတကာ ဂျီဟတ်ဆန့်ကျင်ရေးညွန့်ပေါင်း၏အစိတ်အပိုင်းအဖြစ် အီရတ်နှင့်ဆီးရီးယားတို့တွင် အခြေစိုက်ထားသော အမေရိကန်တပ်ဖွဲ့များကို လွန်ခဲ့သော ဆောင်းရာသီတွင် ဒုံး ကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ၁၇၅ ကြိမ်အထက် ပြုလုပ်ခဲ့သည်။ ဇွန် ၃၀ ရက်တွင် ထိုအဖွဲ့က အစ္စရေးနှင့်အမေရိကန်တို့ကို ခြိမ်းခြောက်ခဲ့သည်။                     

Ref: AFP

Most Read

Most Recent