သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် ကလေးငယ်ယောက်ျားလေးနှစ်ဦး ရေဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကန်နီရေကန်တွင် ယောက်ျားလေး နှစ်ဦး ရေဆင်းကူးရာမှ ရေနစ်နေကြောင်း သတင်းရှိရသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ယောက်ျားတစ်ဦးကို သေဆုံးသူလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ယောက်ျားလေးတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သဖြင့် စကားဝါလူမှုကူညီရေးအသင်းနှင့် လောကအလင်းတန်းလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။















