ယူရိုပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကစားသမား (၅၅)ဦး၊ ကိုပါအမေရိကပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကစားသမား (၂၈)ဦး ဆက်လက်ယှဉ်ပြိုင်နေ

ယူရိုပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကစားသမား (၅၅)ဦး၊ ကိုပါအမေရိကပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကစားသမား (၂၈)ဦး ဆက်လက်ယှဉ်ပြိုင်နေ
Photo: Premier League
Photo: Premier League
Published 5 July 2024

ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် ယူရို-၂၀၂၄ ပြိုင်ပွဲနှင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတို့တွင် ပရီးမီးယားလိဂ်ကစားသမား (၈၀)ကျော် ဆက်လက်ယှဉ်ပြိုင်ကစားနေကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်တွင် ပရီးမီးယားလိဂ်ကစားသမား (၅၅)ဦး၊ ကိုပါအမေရိကကွာတားဖိုင်နယ်တွင် ပရီးမီးယားလိဂ်ကစားသမား (၂၈)ဦး ပါဝင်နေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲသို့ ကစားသမားအများဆုံး စေလွှတ်ပေးရသည့် လိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်နိုင်ခဲ့သည့်အပြင် ကွာတားဖိုင်နယ်အဆင့်တွင်လည်း ကစားသမားအများဆုံး ပါဝင်သည့် ပြိုင်ပွဲအဖြစ် ဆက်လက်ရပ်တည်နိုင် ခဲ့သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ်ကစားသမားအများစုကို အခြေခံ ဖွဲ့စည်းထားသည့် အင်္ဂလန်အသင်း ပါဝင်နေသည့်အတွက်လည်း ပရီးမီးယားလိဂ်ကစားသမားအများဆုံးအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွာတားဖိုင်နယ်ရောက်(၈)သင်း၌ ပရီးမီးယားလိဂ်ကစားသမားပါဝင်မှုမှာ စပိန်(၃)ဦး၊ ဂျာမနီ(၃)ဦး၊ ပေါ်တူဂီ(၁၁)ဦး၊ ပြင်သစ် (၃) ဦး၊ အင်္ဂလန်(၂၄)ဦး၊ ဆွစ်ဇာလန်(၂) ဦး၊ နယ်သာလန်(၈)ဦး၊ တူရကီ(၁)ဦး ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ်ကစားသမား ပါဝင်မှုနှုန်းမှာ အာဂျင်တီးနား(၈)ဦး၊ အီကွေဒေါ (၂)ဦး၊ ကနေဒါ(၂)ဦး၊ ကိုလံဘီယာ (၅)ဦး၊ ဥရုဂွေး(၃)ဦး၊ ဘရာဇီးလ်(၈)ဦးဖြစ်သည်။

 

Most Read

Most Recent