■ ယနေ့ညကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 24 May 2024

■  လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 

ဂျီရိုနာ - ဂရန်နာဒါ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၁:၃၀ နာရီ)

ဂျီရိုနာကလည်း အိမ်ကွင်းနောက်ဆုံးပွဲကို အနိုင်ရလဒ်နဲ့ နှုတ်ဆက်ချင်ပါလိမ့်မယ်။ အဆင့် (၂)နေရာနဲ့ လွဲခဲ့ရလို့လည်း အခုပွဲမှာ ပိုပြီးအားထုတ်ပြချင်မှာပါ။ ဒီပွဲက ဂရန်နာဒါတို့ ဘယ်လောက်ထိပြန်တုံ့ပြန်နိုင်မလဲပဲ စောင့်ကြည့်ရမလိုဖြစ်နေတယ်။ အိမ်ရှင်ဂျီရိုနာပဲနိုင်ပွဲဆက်ဦးမှာပါ။ ဂိုးလည်းများသွားနိုင်တယ်။



■ စီးရီးအေပွဲစဉ် (၃၈)  ပွဲကြိုသုံးသပ်ချက် 

ဂျီနိုအာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၁:၁၅ နာရီ)

ဂျီနိုအာက အထက်မရောက် အောက်မရောက်အသင်းဖြစ်ပြီး ဘာမျှော်လင့်ချက်မှလည်း မရှိတော့ပါဘူး။ ဘိုလော့ဂ်နာကတော့ အဆင့်(၃)နဲ့ ရာသီသိမ်းဖို့ ကြိုးစားရမှာဖြစ်ပြီး ဂျူဗီနဲ့ပွဲမှာ လည်း နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပုံစံကောင်းတချို့ပြသနိုင်ခဲ့တယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဘိုလော့ဂ်နာ အနိုင်ကစားလိမ့်မယ်။

Most Read

Most Recent