ဥရောပစူပါဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ဥရောပစူပါဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEL
Photo: UEL
Published 14 August 2024

(၄၉)ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ၂၀၂၄ ဥရောပစူပါ ဖလားပြိုင်ပွဲကို ပိုလန်နိုင်ငံ၊ ဝါဆောမြို့က National Stadium မှာ ယှဉ်ပြိုင်ကစားပါလိမ့်မယ်။ အခုနှစ်ဆုဖလားအတွက် ယှဉ် ပြိုင်မယ့် နှစ်သင်းကတော့ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒ ရစ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်းပဲ ဖြစ်ပါ  လိမ့်မယ်။ အကြိမ်(၅၀)ပြည့်မြောက်တော့မယ့် ဥရောပစူပါ ဖလားပြိုင်ပွဲသမိုင်းမှာ စပိန်နဲ့ အီတလီကလပ်တွေ ထိပ်တိုက် တွေ့ဆုံတာ (၄)ကြိမ်ပဲ ရှိပါသေးတယ်။ စပိန်ကလပ်တွေက (၃၁)ကြိမ်၊ အီတလီကလပ်တွေက (၁၃)ကြိမ် ယှဉ်ပြိုင်ခဲ့မှုနဲ့ နှိုင်းယှဉ်ရင်တော့ ထိပ်တိုက်ရင်ဆိုင်ရမှု နည်းခဲ့တယ်လို့ ပြော ရမယ်။ ယခင်ထိပ်တိုက်တွေ့ဆုံမှု (၃)ကြိမ်မှာ အီတလီကလပ် တွေက (၂)ကြိမ် နိုင်ခဲ့ကာ စပိန်ကလပ် အက်သလက်တီကိုက တော့ နောက်ဆုံးရင်ဆိုင်တဲ့ ၂၀၁၀ ပြည့်နှစ်မှာ အနိုင်ယူခဲ့ပြီး (၁၄)နှစ်ကြာမှာ ပြန်လည်တွေ့ဆုံတာဖြစ်တယ်။ ဥရောပစူပါ ဖလားအောင်မြင်မှုမှာ စပိန်ကလပ်တွေက ချန်ပီယံ(၁၆)ကြိမ်၊ ဒုတိယ (၁၅)ကြိမ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး အီတလီကလပ် တွေကတော့ အင်္ဂလန်ကလပ်(ချန်ပီယံ ၁၀ ကြိမ်၊ ဒုတိယ ၁၀ ကြိမ်)တွေနောက် ချန်ပီယံ (၉)ကြိမ်၊ ဒုတိယ(၄)ကြိမ်နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

အခုနှစ် ဗိုလ်လုပွဲမှာတွေ့ဆုံမယ့် ရီးယဲလ်မက်ဒရစ်နဲ့ အတ္တလန်တာတို့ကြားမှာ အစဉ်အလာချင်းကတော့ အတော် ခြားနားပါတယ်။ လက်ရှိစူပါဖလားအောင်မြင်မှုမှာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ အေစီမီလန်အသင်းတို့က ချန်ပီယံအောင် မြင်မှုမှာ ဆုဖလား(၅)ကြိမ်စီနဲ့ ပူးတွဲရပ်တည်နေပြီး ရီးယဲလ် အသင်းကတော့ အခုနှစ်မှာသာ ဗိုလ်စွဲရင် အအောင်မြင်ဆုံး အသင်းအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ပါလိမ့်မယ်။  အတ္တလန်တာအသင်းကတော့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့တာဟာ အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှု ဖြစ်ပြီး နောက်ထပ် Upset တစ်ခု ထပ်လုပ်နိုင်ဖို့တော့ မလွယ်လောက် တော့ဘူး။ 

ရီးယဲလ်မက်ဒရစ်အသင်းက အခုနွေရာသီအပြောင်းအ ရွှေ့မှာ အမ်ဘာပေနဲ့ အန်းဒရစ်တို့ နှစ်ဦးပဲ ခေါ်ယူထားတယ်။  ဒါပေမဲ့ ရီးယဲလ်ရဲ့အနေအထားက ထပ်ဖြည့်စရာလည်း သိပ်မ လိုသလို၊ နည်းပြ အန်ဆယ်လော့တီကိုယ်တိုင်က အပြောင်းအ ရွှေ့ပြီးပြီလို့ တရားဝင်ပြောကြားထားတယ်။ အမ်ဘာပေ ရောက် လာလို့ ရီးယဲလ်တိုက်စစ်အခင်းအကျင်းက အပြောင်းအလဲ ရှိ လာနိုင်တယ်။ မီဒီယာတွေကတော့ ဘယ်လင်ဟမ်ကို No.10 Role ထားကစားတဲ့ပုံစံမျိုး အသုံးပြုလိမ့်မယ်လို့ သုံးသပ်နေကြ တယ်။ ဒါပေမဲ့ အခုပွဲမှာ အမ်ဘာပေကို ပွဲထွက်ကစားစေတာ ထက် ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားစေတာမျိုး နည်းပြ အန်ဆယ်လော့တီ ပြုလုပ်ဖွယ်ရှိတယ်။ အတ္တလန်တာအသင်း ကတော့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ကီတယ်လာရီကို အပြီး သတ်ခေါ်ယူထားပြီး ရယ်တယ်ဂီ၊ ဂေါ့ဖရေး၊ ဇာနီယိုလို၊ ဆူလေ မန်းနားတို့လို ကစားသမားတွေနဲ့လည်း ထပ်မံအားဖြည့်ထား တယ်။ အသင်းလူစာရင်းက ယူရိုပါလိဂ်ချန်ပီယံအသင်းထက် ပိုတောင့်တင်းလာပေမဲ့ ရီးယဲလ်လိုအသင်းကို ဒုက္ခပေးနိုင်မယ့် အင်အားမျိုးမရှိပါဘူး။ ဥရောပစူပါဖလားပွဲ နောက်ဆုံး(၁၁)နှစ် မှာ ချန်ပီယံလိဂ်ချန်ပီယံနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းကြား ကွာဟချက်မြင့်တဲ့နှစ်တွေ များခဲ့ပေမဲ့ (၈)နှစ်က မိနစ်(၉၀)အ တွင်း အဖြေမပေါ်ခဲ့ပါဘူး။ ဒါပေမဲ့ ရီးယဲလ်အသင်းအဖို့ အအောင် မြင်ဆုံးမှတ်တမ်း၊ အမ်ဘာပေ ရောက်လာမှုကြောင့် ဖိဖိစီးစီး ကစားပြီး မိနစ်(၉၀)အတွင်း အနိုင်ယူပါလိမ့်မယ်။

Facts

- ရီးယဲလ်မက်ဒရစ်အသင်းသည် ဥရောပစူပါဖလားပွဲတွင် အီတလီကလပ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

 - အတ္တလန်တာအသင်းသည် အသင်းသမိုင်းတစ်လျှောက် ဥရောပစူပါဖလားပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

 - ချန်ပီယံလိဂ်ချန်ပီယံနှင့် ယူရိုပါလိဂ်ချန်ပီယံအသင်း ယှဉ်ပြိုင်သည့် ဥရောပစူပါဖလားပွဲပြိုင်ပွဲ နောက်ဆုံး(၁၁)ကြိမ်တွင် ချန်ပီယံလိဂ်ချန်ပီယံအသင်း များက (၁၀)ကြိမ် ဗိုလ်စွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုအသင်းက တစ်ကြိမ်သာ အနိုင်ရခဲ့သည်။

 - ပြိုင်ပွဲသမိုင်းတစ်လျှောက် (၄၈)ကြိမ်တွင် ချန်ပီယံလိဂ်(ယခင် ဥရောပဖလား)ချန်ပီယံအသင်းများက (၂၈)ကြိမ် ဗိုလ်စွဲခဲ့သည်။

 

Most Read

Most Recent