မြန်မာကစားသမားများ သွားရောက်ကစားနေသည့် ၂၀၂၄-၂၀၂၅ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများနှင့် ကမ္ဘောဒီးယားပရီးမီးယားလိဂ်လိဂ်ပြိုင်ပွဲ ယခုတစ်ပတ် စတင်မည်

မြန်မာကစားသမားများ သွားရောက်ကစားနေသည့် ၂၀၂၄-၂၀၂၅ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများနှင့် ကမ္ဘောဒီးယားပရီးမီးယားလိဂ်လိဂ်ပြိုင်ပွဲ ယခုတစ်ပတ် စတင်မည်
Photo: CUFC
Photo: CUFC
Published 5 August 2024

မြန်မာကစားသမားများ သွားရောက်ကစားနေသည့် ၂၀၂၄-၂၀၂၅ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများနှင့် ကမ္ဘောဒီးယားပရီးမီးယားလိဂ်လိဂ်ပြိုင်ပွဲမှာ ယခုတစ်ပတ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများဖြစ်သည့် တိုက်စစ်မှူးအောင်သူ၊ တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်၊ တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ ကွင်းလယ်လူ လွင်မိုးအောင်၊ တိုက်စစ်မှူး သန်းပိုင်၊ နောက်ခံလူ ဇော်မင်းထွန်းတို့ ၆ ဦး သွားရောက်ကစားနေလျက်ရှိသည်။

ယင်းကစားသမား ၆ ဦးထဲမှ အောင်သူ၊ မောင်မောင်လွင်၊ ဝင်းနိုင်ထွန်းနှင့် လွင်မိုးအောင်တို့မှာ ထိုင်းလိဂ်-၁ ပြိုင်ပွဲ၊ သန်းပိုင်းနှင့် ဇော်မင်းထွန်းမှာ ထိုင်းလိဂ်-၂ ပြိုင်ပွဲများတွင် ကစားကြမည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို  သြဂုတ် ၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုတစ်ပတ် ပွဲစဉ်(၁) တွင် မောင်မောင်လွင်၏ လမ်ဖွန်အသင်းနှင့်  အောင်သူ၏ အူထိုင်းထာနီအသင်းတို့ စောစီးစွာ ထိပ်တိုက်တွေ့ဆုံနေသည်။

မောင်မောင်လွင်၏ လမ်ဖွန်အသင်းနှင့် အောင်သူ၏ အူထိုင်းထာနီအသင်းတို့ပွဲကို သြဂုတ် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လမ်ဖွန်အသင်းက အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။

ဝင်းနိုင်ထွန်း၏ ချင်းရိုင်ယူနိုက်တက်အသင်းမှာ သြဂုတ် ၁၂ ရက်တွင် အိမ်ကွင်း၌ ခိုကိန်းယူနိုက်တက်အသင်း၊ လွင်မိုးအောင်၏ ရရောင်းအသင်းမှာ သြဂုတ် ၁၀ ရက်တွင် အိမ်ကွင်း၌ ထိုင်းဆိပ်ကမ်းအသင်းတို့နှင့် ကစားရမည် ဖြစ်သည်။

၂၀၂၄-၂၀၂၅ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲကို  သြဂုတ် ၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုတစ်ပတ် ပွဲစဉ်(၁) တွင် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းမှာ သြဂုတ် ၁၁ ရက်တွင် အဝေးကွင်း၌ လမ်ပန်းအသင်း၊ ဇော်မင်းထွန်း၏ ထရတ်အသင်းမှာ သြဂုတ် ၁၁ ရက်တွင် အိမ်ကွင်း၌ ချန်သာဘူရီအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ ရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ် ၁၀ ရက်တွင်  စတင်ကျင်းပမည်ဖြစ်သည်။

ပွဲစဉ်(၁) တွင်  တိုက်စစ်မှူး သီဟဇော်၏ နာဂါဝေါလ်အသင်းမှာ သြဂုတ် ၁၀ ရက်တွင် အိမ်ကွင်း၌ ကီရီဗောင်းအသင်း၊ စိုးမိုးကျော်၏ Tiffy Army အသင်းမှာ သြဂုတ် ၁၁ ရက်တွင် အဝေးကွင်း၌ လက်ရှိချန်ပီယံ PKR အသင်းနှင့် ကစားရမည်ဖြစ်သည်။    

Most Read

Most Recent