■  ရီးယဲလ်တွင် စီရော်နယ်လ်ဒိုနှင့် မတူညီသည့်မှတ်တမ်းကို ရေးသားလိုသည်ဟု ဘာပေ ပြောကြား

■  ရီးယဲလ်တွင် စီရော်နယ်လ်ဒိုနှင့် မတူညီသည့်မှတ်တမ်းကို ရေးသားလိုသည်ဟု ဘာပေ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 5 July 2024

ပြင်သစ်တိုက်စစ်မှူး ဘာပေက ရီးယဲလ်မက်ဒရစ်အသင်းတွင် ၎င်း၏ Idol စီရော်နယ်လ်ဒိုနှင့် မတူညီသည့်မှတ်တမ်းကို ရေးသားလိုကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် PSG အသင်းနှင့်လမ်းခွဲခဲ့သည့် ဘာပေသည် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယူရိုပြိုင်ပွဲအပြီးတွင် မိတ်ဆက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

ဘာပေအနေဖြင့် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားခြင်းမှာလည်း စီရော်နယ်လ်ဒို၏ ခြေရာကိုနင်းခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ 

ယင်းအတွက် မေးမြန်းမှုကို ၎င်းက "သူက နှစ်ယောက်မရှိတဲ့သူပါ။ ကျွန်တော့်လမ်းကြောင်းနဲ့ ကျွန်တော်ပဲ လျှောက်လှမ်းသွားချင်ပါတယ်။ မက်ဒရစ်မှာ ကျွန်တော် ကြီးကျယ်ခမ်းနားတဲ့ မှတ်တမ်းကို ရေးသားဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့ တူညီမှာတော့ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent