ဂျာမနီလက်ရွေးစင်နည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားအထိ နာဂယ်စ်မန်း ဆက်ရှိမည်

ဂျာမနီလက်ရွေးစင်နည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားအထိ နာဂယ်စ်မန်း ဆက်ရှိမည်
Photo: X
Photo: X
Published 15 July 2024

ဂျာမနီလက်ရွေးစင်နည်းပြ နာဂယ်စ်မန်းသည် လက်ရှိရာထူးတွင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ ဆက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်သည် နာဂယ်စ်မန်းကို ပြီးခဲ့သည့် ဧပြီလတွင် သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် ကျင်းပသည့် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသော်လည်း စာချုပ်အတိုင်း ဆက်လက်လက်တွဲသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာဂယ်စ်မန်းသည် ကလပ်အသင်းတစ်သင်းကို ပြန်လည်ကိုင်တွယ်ရန် ဆန္ဒရှိနေသည့်အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဂျာမနီအသင်းနှင့် သေချာပေါက်လမ်းခွဲမည်ဖြစ်ကြောင်းလည်း နီးစပ်သူအချို့က သုံးသပ်ထားသည်။

Most Read

Most Recent