■ ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိမည့် အန်ဒီဒီကို ဘာစီလိုနာ စိတ်ဝင်စား     

■ ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိမည့် အန်ဒီဒီကို ဘာစီလိုနာ စိတ်ဝင်စား     
Photo: Getty Images
Photo: Getty Images
Published 7 June 2024

ဘာစီလိုနာအသင်းသည် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့် လက်စတာအသင်းမှ နိုင်ဂျီးရီးယားကွင်းလယ်ကစားသမား အန်ဒီဒီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

အန်ဒီဒီ(၂၇ နှစ်)သည် ၂၀၁၆-၁၇ ရာသီကတည်းက လက်စတာအသင်းသို့ ရောက်ရှိနေခဲ့သူဖြစ်ပြီး ယခုနွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

လက်စတာအသင်းက ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခြင်းမရှိတော့သည့်အတွက် လမ်းခွဲရသည့်အခြေအနေ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်၌ ၎င်းကို ခေါ်ယူရန် လိုင်ယွန်အသင်းကလည်း စိတ်ဝင်စားနေသလို၊ ပရီးမီးယားလိဂ်အသင်းအချို့ကလည်း စောင့်ကြည့်နေကြောင်း သိရသည်။ 

Most Read

Most Recent