ခွာရတ်စကယ်လီယာအားခေါ်ယူရန်ဘာစီလိုနာ စိတ်ဝင်စားနေဟု သတင်းများထွက်ပေါ်

ခွာရတ်စကယ်လီယာအားခေါ်ယူရန်ဘာစီလိုနာ စိတ်ဝင်စားနေဟု သတင်းများထွက်ပေါ်
Photo: Gazzetta
Photo: Gazzetta
Published 29 April 2024

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် စီးရီးအေကလပ် နာပိုလီအသင်းမှ ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာ (၂၃ နှစ်)အား လာမည့်နွေရာသီတွင် ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် တန်ကြေးမြင့်ကစားသမားအချို့အားရောင်းချသွားမည်ဖြစ်ပြီး အသင်း၏တိုက်စစ်ပိုင်းအတွက် ခွာရတ်စကယ်လီယာအားခေါ်ယူရန်ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

ခွာရတ်စကယ်လီယာ၏ လက်ရှိစျေးကွက်တန်ဖိုးမှာ ယူရိုသန်း(၈၀)ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent