စင်ကာပူ ဝန်ကြီးချုပ်သစ်အဖြစ် လောရင့်ဝမ် ကျမ်းကျိန်ခဲ့ပြီး လီမိသားစုပြင်ပမှ ဝန်ကြီးချုပ်ဖြစ်လာသည့် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာ

စင်ကာပူ ဝန်ကြီးချုပ်သစ်အဖြစ် လောရင့်ဝမ် ကျမ်းကျိန်ခဲ့ပြီး လီမိသားစုပြင်ပမှ ဝန်ကြီးချုပ်ဖြစ်လာသည့် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာ
Published 16 May 2024

မေ ၁၅ ရက်တွင် လောရင့်ဝမ်သည် စင်ကာပူဝင်ကြီးချုပ်အဖြစ် ကျမ်းကျိန်ခဲ့ရာ အနှစ် ၂၀ ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လီရှန်လွန်း၏နေရာကို အစားထိုး ဝင်ရောက်သူ ဖြစ်လာခဲ့သည်။

စင်ကာပူခေါင်းဆောင်သစ် လောရင့်ဝမ်က ကုန်သွယ်ရေးအားပြုသော မြို့ပြနိုင်ငံ စင်ကာပူသည် ပိုမိုအန္တရာယ်များလာနေပြီး ပဋိပက္ခပိုများလာသော ကမ္ဘာကို ရင်ဆိုင်နေ ရသည်ဟု သတိပေးခဲ့သည်။

ဒုတိယဝန်ကြီးချုပ်ဟောင်း ဝမ်သည် ချမ်းသာသော စင်ကာပူနိုင်ငံကို လီမိသားစု ပြင်ပမှ ဒုတိယမြောက်ဦးဆောင်ရသူဖြစ်သည်။ ဝမ်သည် စင်ကာပူစံတော်ချိန်ည ၈ နာရီထိုးပြီး မကြာမီ အက်စတာနာအစိုးရရုံး တွင် ဝန်ကြီးချုပ်ရာထူးကို လက်ခံရယူခဲ့သည်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ နည်းနဲ့ကျွန်တော်တို့ ဦးဆောင်သွားမှာဖြစ် ပါတယ်။ ကျွန်တော်တို့ဟာ ရဲရဲရင့်ရင့်စဉ်း စားတွေးခေါ်သွားပါမယ်။ လေးလေးနက်နက်တွေးခေါ်သွားမှာဖြစ်ပါတယ်”ဟု ပထမ ဆုံးမိန့်ခွန်းတွင် အသက် ၅၁ နှစ်အရွယ် လောရင့်ဝမ်က ပြောကြားခဲ့ပြီး မိမိတို့စင်ကာ ဇာတ် လမ်း၏အကောင်းဆုံး အခန်းများသည် ရှေ့တွင် ရှိနေသည်ဟု ဖြည့် စွက်ပြောခဲ့သည်။

ဝမ်၏အစိုးရအဖွဲ့ဝင်များထဲတွင် အသက် ၇၂ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်း ပါဝင်နေသည်။ အစိုးရအဖွဲ့သစ်တွင် လီရှန်လွန်းသည် အကြီးတန်းအကြံပေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

စင်ကာပူသည် နှစ်ပေါင်းများစွာတိုင် ရှိသွားနိုင်သည့် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ၊ ကိုယ်ကျိုးစီးပွားကာကွယ်မှုများ၊ မျိုးချစ်ဝါဒတို့နှင့်အတူ ပဋိပက္ခနှင့်ပြိုင်ဆိုင်မှုများသော ကမ္ဘာကို ရင်ဆိုင်နေရသည်ဟု လည်းဝမ်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အဲဒီမျက်မြင်ဒိဌဖြစ် ရပ်တွေကို တောင့်ခံထားရမှာဖြစ်ပါတယ်။  ပိုမိုရှုပ်ထွေးလာပြီး အန္တရာယ်ပိုများလာကာ  ပိုမိုကြမ်းကြုတ်လာတဲ့ ကမ္ဘာနဲ့အလိုက်သင့် ဖြစ်အောင်လုပ်ကြရမယ်”ဟု ဝမ်ကပြော ကြားခဲ့သည်။

အမေရိကန်တွင်ပညာသင်ယူခဲ့သော စီးပွားရေးပညာရှင်ဝမ်သည် ဆိုရှယ်မီဒီယာကို နားလည်တတ် ကျွမ်းသူအဖြစ် ရှုမြင်ခံရသူဖြစ်ပြီး စင်ကာပူအစိုးရ၏ကပ်ရောဂါ လုပ်ငန်းအဖွဲ့ကို ကြီး ကြပ်တာဝန်ယူခဲ့ရချိန် တွင် COVID-19 ကူးစက်ရောဂါကို ထိ ရောက်စွာကိုင်တွယ်ခဲ့သူဖြစ်သည်။

“သူဟာ မတူကွဲပြားတဲ့ မျိုးဆက်နဲ့ပိုပြီး သဟဇာတဖြစ်တဲ့ ခေါင်းဆောင်မှုပုံစံကို ယူ ဆောင်လာသူဖြစ်ပါတယ်”ဟု Solaris Strategies Singapore အကျိုးဆောင်လုပ် ငန်းတွင် နိုင်ငံရေးဆိုင်ရာလေ့လာဆန်းစစ် သူအဖြစ်ဆောင်ရွက်နေသော မူစတာဖာအစ် ဇူဒင်က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း ဆက် လက်ရှိနေမည့် ဝမ်ကို ၁၉၆၅ ခုနှစ်တွင် စင် ကာပူ လွတ်လပ်ရေးရကတည်းက စင်ကာ ပူကို တောက်လျောက်အုပ်ချုပ်ခဲ့သော ပြည် သူ့အရေးတော်ပုံပါတီ(PAP) ၏မျိုးဆက် သစ် လွှတ်တော်အမတ်များက လီ၏ဝန်ကြီး ချုပ်အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ၂၀၂၂ ခုနှစ်တွင် ရွေးချယ်ခဲ့သည်။

လီရှန်လွန်း၏ဖခင် လီကွမ်ယူသည် မလေးရှားနှင့်အချိန်တိုတောင်းပြီးအောင်မြင် မှုမရသည့်ပေါင်းစည်းမှုအပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာသော စင်ကာပူ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည်။ 

Ref: AFP