ဟာဗက်ဇ်သည် အသင်းအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုရှိသူဟု အာတီတာ ချီးကျူး

ဟာဗက်ဇ်သည် အသင်းအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုရှိသူဟု အာတီတာ ချီးကျူး
Photo : Getty Images
Photo : Getty Images
Published 8 April 2024

အာဆင်နယ်အသင်း၏နည်းပြ အာတီတာက ဂျာမန်တိုက်စစ်မှူး ဟာဗက်ဇ်သည် အသင်းအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုရှိသူဟု ချီးကျူးပြောကြားခဲ့သည်။

ဟာဗက်ဇ်(၂၄ နှစ်)သည် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး အာဆင်နယ်ကစားသမားဘ၀ အစပိုင်းတွင် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိ အချိန်တွင်မူ အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြရပ်တည်နေပြီဖြစ်သည်။

ဘရိုက်တန်နှင့်ပွဲတွင် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် အာတီတာက "သူက အသင်းအပေါ်  ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ အသေအချာပါပဲ။ သူ့ရဲ့ အလုံးစုံသော စွမ်းဆောင်ရည်က တကယ့်ကို ကောင်းမွန်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent