MFF - FIFA ယူ-၁၇ လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇) အပြီးတွင် ရှမ်းအသင်း ဆက်လက်ဦးဆောင်

MFF - FIFA ယူ-၁၇ လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇) အပြီးတွင် ရှမ်းအသင်း ဆက်လက်ဦးဆောင်
Photo: MFF
Photo: MFF
Published 3 June 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူပေါင်း၍ ၂၀၂၄  MFF - FIFA ယူ-၁၇ လိဂ်ပြိုင်ပွဲကို ကျင်းပပြုလုပ်နေပြီး ပွဲစဉ်(၁၇) အပြီးတွင် ရှမ်းအသင်းက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။

ပွဲစဉ်(၁၇) ကို ပြီးခဲ့သည့် မေ ၃၁ ရက်နှင့် ဇွန် ၁၊ ၂ ရက်များက ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ်(၁၇) တွင် ရှမ်းအသင်းက ရွိုင်ရယ်ရန်ကုန်အသင်းကို(၄-၀) ဂိုး၊  ရခိုင်ယူနိုက်တက်အသင်းက အင်းစိန်စီးတီးအသင်းကို(၆-၀) ဂိုး၊  နေပြည်တော်အသင်းက မအူပင်အသင်းကို(၃-၂) ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ဖားစည်မြေအသင်းနှင့် စီးတီးရွှေပြည်သာအသင်းမှာ(၁-၁) ဂိုး၊ ရွှေပြည်သာယူနိုက်တက်အသင်းနှင့် ဆုလဘ်မြင့်မိုရ်အသင်းမှာ(၀-၀) ဂိုး၊ အာသာဝတီအသင်းနှင့် Burmese Youth အသင်းမှာ(၂-၂) ဂိုးတို့ဖြင့် သရေကျခဲ့ကြောင်း သိရသည်။

ပွဲစဉ်(၁၇) အပြီးတွင် ရှမ်းအသင်းက (၁၄) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၄၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းက (၁၃) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ်(၄၂) မှတ်ဖြင့် ဒုတိယ၊  နေပြည်တော်ယူနိုက်တက်အသင်းက (၁၃) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၃) ပွဲရှုံး၊ ရမှတ်(၄၀) မှတ်ဖြင့် တတိယနေရာတို့တွင် ရပ်တည်နေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent