■ ဆော်ဒီကလပ်၏ ကမ်းလှမ်းမှုကို စပါးတိုက်စစ်မှူး ရစ်ချာလီဆန် ငြင်းပယ်     

■ ဆော်ဒီကလပ်၏ ကမ်းလှမ်းမှုကို စပါးတိုက်စစ်မှူး ရစ်ချာလီဆန် ငြင်းပယ်     
Published 9 August 2024

စပါးအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်သည် ဆော်ဒီကလပ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး စပါးအသင်းနှင့် ပရီးမီးယား လိဂ်တွင် ဆက်လက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    

ရစ်ချာလီဆန်(၂၇ နှစ်)သည်  ၂၀၂၂ ခုနှစ်တွင် အဲဗာတန်မှ စပါးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်(၂) ရာသီအတွင်း ပြိုင်ပွဲစုံ(၆၆)ပွဲကစား ကာ (၁၅)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ 

သို့သော် ၎င်းအနေဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာ ရှိခဲ့သဖြင့် စပါးအသင်းက ရောင်းထုတ်ရန် ဆန္ဒရှိခဲ့သလို၊ ဆော်ဒီကလပ်အသင်းများကလည်း ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။ 

ထို့ကြောင့် စပါးအသင်းက ၎င်း၏နေရာ အစားထိုးရန် တိုက်စစ်မှူးအသစ် ရှာဖွေနေသော်လည်း ရစ်ချာလီဆန်က ဆော်ဒီကလပ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

ရစ်ချာလီဆန်က ဆော်ဒီကလပ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းမှာ အင်္ဂလန်တွင် ဆက်ကစားခြင်းက ဘရာဇီးလ်လက်ရွေးစင်အသင်းအ တွက် အခွင့်အရေးပိုရစေရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    

"ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။ ငွေကြေးပမာဏကလည်း များပြားပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အိပ်မက်က ငွေကြေးထက် ပိုပြီးကြီးမားပါတယ်"ဟု ရစ်ချာလီဆန်က ပြောကြားခဲ့သည်။ 

ရစ်ချာလီဆန်သည် စပါးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်းကို ကမ်းလှမ်းခဲ့သည့် ဆော်ဒီကလပ်ကို မီဒီယာများက ဖော်ပြခြင်းမရှိသော်လည်း အယ်လ်အာလီအသင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent