အင်္ဂလန်၊ ကျွန်တော်ကြည့်မရတဲ့ ချစ်ဦးသူ

အင်္ဂလန်၊ ကျွန်တော်ကြည့်မရတဲ့ ချစ်ဦးသူ
Photos: AFP
Photos: AFP
Published 10 July 2024
AK

လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းဆီမီးဖိုင်နယ်ရောက်မယ်ဆိုပြီး တစ်ယောက်ယောက်က ပြောလာရင် ကျွန်တော် လှောင်ပြောင်မိမှာပဲ။ ဒီလူတော့ ပရီးမီးယားလိဂ်ပွဲတွေ အကြည့်များပြီး ဘိလပ်တွေကို အရမ်းအထင်ကြီးနေပြီလို့ တွေးမိမှာပဲ။ တကယ်လည်း အင်္ဂလန်က ဘာများအထင်ကြီးစရာရှိလဲ။ ချန်ပီယံဆုဖလားမရတာ ၅၈ နှစ်ကြာနေပြီ။ ဗြိတိန်မီဒီယာတွေကလည်း သိတဲ့အတိုင်းပဲ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လွန်းတယ်။ ကျွန်တော်သိသမျှ အင်္ဂလန်အသင်းတွေမှာ ပါရမီရှင်တွေရှိခဲ့တယ်။ ဒီလိုပဲ တခြားနိုင်ငံတွေမှာလည်း ပါရမီရှင်တွေရှိနေခဲ့တယ်။ အကောင်းဆုံးဥပမာပေးရရင် ဘရာဇီးလ်၊ အာဂျင်တီးနား၊ စပိန်တို့ပေါ့လေ။ ဗြိတိန်မီဒီယာတွေက အင်္ဂလန်အသင်းက ပါရမီရှင်ကစားသမားတွေကို ဘုရားလောက်သဘောထားပြီး တခြားနိုင်ငံက ပါရမီရှင် ကစားသမားတွေကို ဒေဝဒတ်လို့ထင်နေတာ၊ အဲဒီ Mindset ကြောင့်ပဲ အင်္ဂလန်ကစားသမားတွေက သွေးနားထင်ရောက်ကုန်တယ်။ မျှော်လင့်ထားသလောက် မအောင်မြင်ဘူး။ အချိန်တန်ရင် နာမည်ကြီးထမင်းငတ် ဖြစ်ကုန်တယ်။

 

Most Read

Most Recent