သြစတြေးလျ နှင့် ဆော်ဒီအာရေဗျ (မြန်မာစံတော်ချိန် ကြာသပတေးနေ့လယ် ၃း၄၀ နာရီ)
ဆော်ဒီအာရေဗျအသင်းက နည်းပြအပြောင်းအလဲ ဖြစ်ထားတယ်။ နာမည်ကျော်နည်းပြ မန်ချီနီ အသင်းက ထွက်ခွာသွားရပြီး ပြင်သစ်လူမျိုးနည်းပြ အဲဗီးဟွန်းနတ် အစားထိုးတာဝန်ယူခဲ့တယ်။ ဟွန်းနတ်က နည်းပြဘဝအချိန်အများစုကို အာဖရိကနဲ့ အာရှက အသင်းတွေနဲ့သာ ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ သြစတြေးလျအသင်းက နောက်ဆုံးပွဲမှာ ဂျပန်ကို သရေကစားပြီး ဂျပန်အသင်းရဲ့နိုင်ပွဲဆက်နေမှုကို ရပ်တန့်ထားခဲ့တယ်။ နှစ်သင်းစလုံး ခြေစွမ်းက သိပ်မကွာဘဲ အကျဘက်ရောက်နေတာလည်း သွားတူနေတယ်။ အခုပွဲကတော့ နှစ်သင်းစလုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့အတွက် အတော်လေးအရေးပါနေတယ်။ နည်းပြသစ် ပွဲဦးထွက်လည်းဖြစ်နေတဲ့ ဆော်ဒီအာရေဗျအသင်း အမှတ်ရနိုင်ပါတယ်။
မြောက်ကိုရီးယား နှင့် အီရန် (မြန်မာစံတော်ချိန် ကြာသပတေးည ၆း၃၀ နာရီ)
အခုပွဲကိုကြားကွင်းဖြစ်တဲ့ လာအိုမြေမှာ ကစားမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားအသင်း နိုင်ပွဲမရသေးပေမဲ့ ရုပ်ပျက်ဆင်းပျက်တော့ မရှိသေးဘူး။ ဒါပေမဲ့ ခြေစွမ်းကွာလို့ အီရန် ဂိုးပြတ်ဖို့များတယ်။
ကူဝိတ် နှင့် တောင်ကိုရီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၈း၃၀ နာရီ)
ကူဝိတ်အသင်း နိုင်ပွဲမရသေးပေမဲ့ ဂျော်ဒန်၊ အီရတ်တို့ကို သရေကစားထားတာ သတိပြုရမယ်။ တောင်ကိုရီးယားအသင်းက သုံးပွဲဆက် အနိုင်ကစားထားပေမဲ့ သိပ်ယုံစားလို့တော့ မရပါဘူး။ တောင်ကိုရီးယား သုံးဂိုးပြတ်ဖို့ခက်မယ်။
ကာတာ နှင့် ဥဇဘက်ကစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၄၅ နာရီ)
အာရှချန်ပီယံ ကာတာအသင်းအဖို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ ဒီပွဲနိုင်ထားမှ ပြန်မျှော်လင့်နိုင်လိမ့်မယ်။ ဥဇဘက်ကစ္စတန်အသင်းက လက်ရှိမှာ စိတ်ဓာတ်ပိုင်းပိုကောင်းနိုင်ပေမဲ့ ကာတာ အမှတ်ရလိမ့်မယ်။
အီရတ် နှင့် ဂျော်ဒန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၄၅ နာရီ)
အခုပွဲက အုပ်စု(B)ရဲ့ ဒုတိယနေရာလုပွဲလို့တောင် ပြောနိုင်ပါတယ်။ အီရတ်မြေမှာ ကစားရမှာဖြစ်ပေမဲ့ ဂျော်ဒန်နဲ့ စွန့်စားချင်တယ်။
အခြားပွဲများ
ဘာရိန်း - တရုတ်*
အိုမန် - ပါလက်စတိုင်း*
*ယူအေအီး - ကာဂျစ္စတန်