■ လူကာကူကို စျေးလျှော့ပေးရန် ချယ်လ်ဆီးအသင်း စီစဉ်နေ     

■ လူကာကူကို စျေးလျှော့ပေးရန် ချယ်လ်ဆီးအသင်း စီစဉ်နေ     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

ချယ်လ်ဆီးအသင်းသည် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို စျေးလျှော့ပေးရန် စီစဉ်နေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နီးပါးဖြင့် ခေါ်ယူခဲ့သည့် လူကာကူ(၃၁ နှစ်)ကို လက်ရှိအချိန်၌ အသင်းတွင် နေရာပေးလိုခြင်းမရှိတော့သည့်အတွက် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် မူလက လူကာကူအတွက် ပေါင်သန်း(၄၀)ဝန်းကျင် ရရှိရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ ပေါင်သန်း(၃၀)ဝန်းကျင်ဖြင့် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

သို့သော် နာပိုလီအသင်းက ပေါင်သန်း(၂၀)ဝန်းကျင်ဖြင့်သာ ခေါ်ယူလိုကြောင်း သိရသည်။

Most Read

Most Recent