အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ်အား ခေါ်ယူရန် မန်ယူအသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ

အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ်အား ခေါ်ယူရန် မန်ယူအသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ
Photo: Goodison News
Photo: Goodison News
Published 15 June 2024

 

မန်ယူအသင်းသည် အဲဗာတန်အသင်း မှ အင်္ဂလန်နောက်ခံကစားသမား ဘရန့်ဝိတ်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့သည်။ 

အသက် ၂၁ နှစ်အရွယ်ရှိ ဘရန့်ဝိတ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက အဲဗာတန်အသင်းနှင့်အတူ တောက်ပလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားခွင့်ရခဲ့သူဖြစ်သည်။ ဘရန့်ဝိတ်အနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေး စင်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသော်လည်း အနာဂတ်တွင် တောက်ပလာမည့် ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ 

ထို့ကြောင့် ၎င်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့် ဥရောပထိပ်တန်း အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ မန်ယူအသင်းက ၎င်းကိုခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း The Times က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် လာမည့်ရာသီတွင် အသင်း၏ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ယခုအခါ ဘရန့်ဝိတ်ကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းနှင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်း သိရှိရ သည်။ 

အဲဗာတန်အသင်းသည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဘရန့်ဝိတ်အတွက် ပေါင်သန်း ၇၀ အထိ အလိုရှိနေသည်။ သို့သော် မန်ယူအသင်းကမူ ဘရန့်ဝိတ်အား ပေါင် ၅၅ သန်းဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ 

The Times ၏ ဖော်ပြချက်အရ ဘရန့်ဝိတ်သည် မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် ၁၆၀၀၀၀ အထိ ရရှိနိုင်ကြောင်း သိရသည်။ မန်ယူအသင်းသည် ဘရန့်ဝိတ်အပြင် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ကိုပါ ခေါ်ယူလိုနေကြောင်း သိရှိရသည်။ 

Most Read

Most Recent