ရီးယဲလ်၊ ချန်ပီယံလိဂ်မှသည် Ballon d'Or တိုက်ပွဲဆီသို့

ရီးယဲလ်၊ ချန်ပီယံလိဂ်မှသည် Ballon d'Or တိုက်ပွဲဆီသို့
Photo: X
Photo: X
Published 5 June 2024
Phoe Thar

အသက်အရွယ်၊ ခြေစွမ်း၊ ကျော်ကြားမှုနဲ့ အောင်မြင်မှုအရ မော်ဒန်ခေတ်ဘောလုံးလောကရဲ့ အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ကစားသမားတွေကိုကြည့်ရင် အရည်အသွေး ၊ ကျွမ်းကျင်မှု၊ ကစားနေတဲ့ကလပ်အသင်း၊ ကိုယ်စားပြုနေတဲ့ လက်ရွေးစင်အသင်း၊ ဆုဖလားအောင်မြင်မှုနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေမှာ ပြောပလောက်တဲ့ကွာခြားချက်မျိုးရှိမနေဘဲ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိနေပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် ဗင်နီစီယပ်စ်ဟာ ဟော်လန်းလောက်ဂိုးတွေမသွင်းနိုင်ခဲ့ပေမယ့်၊ ပုံရိပ်မမြင့်မားပေမယ့် ရီးယဲလ်အသင်းနဲ့ ဆုဖလားတွေယူနိုင်ခဲ့သလို၊ ကိုယ်စားပြုတဲ့လက်ရွေးစင်အသင်းကိုကြည့်ပြန်တော့လည်း နော်ဝေ အတွက် ကစားနေရတဲ့ဟော်လန်းထက်၊ ဘရာဇီးလ် မှာ ကစားနေတဲ့ ဗင်နီစီယပ်စ်က နိုင်ငံအသင်းနဲ့ဆုဖလားရရှိဖို့ မျှော်လင့်ချက်ပိုနီးစပ်နေပြန်ပါတယ်။ ဒီအခြေအနေကို ထည့်ပြောရတာကလည်း လက်ရှိ နွေရာသီကာလမှာ ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကလို နိုင်ငံတကာပြိုင်ပွဲကြီးနှစ်ခုရှိနေလို့ ၂၀၂၄ Ballon d'Or ဆုတိုက်ပွဲက ဘာမဆိုပြောင်းလဲသွားနိုင်တဲ့ အခြေအနေမျိုးရှိနေတာကြောင့်ပါ။ ကစားသမားတွေအနေနဲ့ ကလပ်အသင်းတွေနဲ့ မျှော်လင့်ထားသလောက်မအောင်မြင်ခဲ့ဖူးဆိုရင်တောင် လက်ရွေးစင်အသင်းတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ခွင့်ရှိနေပြီး ကလပ်နဲ့အောင်မြင်ခဲ့သလို၊ လက်ရွေးစင်အသင်းတွေနဲ့လည်း အောင်ပွဲရဖို့အလားအလာများနေတဲ့ ကစားသမားတွေကတော့ Ballon d'Or ဆုအတွက် အခွင့်အရေးအကောင်းဆုံးဖြစ်နေတာ အမှန်ပါပဲ။

 

Most Read

Most Recent