ဂျာမန်ကွင်းလယ်ရပ်ဝန်းအတွက် နောက်ထပ်ရတနာ (သို့မဟုတ်) ပါဗလိုဗစ်

ဂျာမန်ကွင်းလယ်ရပ်ဝန်းအတွက် နောက်ထပ်ရတနာ (သို့မဟုတ်) ပါဗလိုဗစ်
Photos:AFP
Photos:AFP
Published 11 September 2024
Zay Yar Htun

ဂျာမနီလက်ရွေးစင်အသင်းအတွက် ဂိုးမသွင်းနိုင်သေးခင်ကတည်းက ပါဗလိုဗစ်ရဲ့ ကောင်းသတင်းတွေဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ မွှေးပျံ့နေခဲ့တာဖြစ်ပြီး ၂၀၂၄-၂၅ ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ စောင့်ကြည့်ရမယ့် လူငယ်ကစားသမားစာရင်းထဲ ထိပ်ဆုံးနားက ပါဝင်နေသူပါ။ ဂျာမနီနိုင်ငံ မြူးနစ်မြို့ဖွား ပါဗလိုဗစ်ဟာ အသက် (၅)နှစ်ကျော်အရွယ်မှာကတည်းက ဘောလုံးနဲ့စတင်ထိတွေ့နေသူဖြစ်ပြီး အသက် (၇) နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်း အကယ်ဒမီဆီရောက်ရှိလာခဲ့ပါတယ်။ တောက်မယ့် မီးခဲတရဲရဲဆိုသလိုပဲ ပါဗလိုဗစ်ဟာ ဘိုင်ယန်မြူးနစ် အကယ်ဒမီကစားသမားဘဝမှာကတည်းက ဂွါဒီယိုလာအပါအဝင် ၀ါရင့်နည်းပြတွေ၊ စီနီယာကစားသမားတွေရဲ့ ချီးကျူးမှုကိုခံခဲ့ရသူဖြစ်ပြီး၊ အသင်းကြီးအတွက် ပွဲမကစားရသေးခင်မှာပဲ ဥရောပထိပ်တန်းလိဂ်ကလပ်အသင်းအချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီလိုအလားအလာတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းဟာပါဗလိုဗစ်ကို အသင်းကြီးဆီအလျင်အမြန်ခေါ်ယူနိုင်ဖို့ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် (ခ)အသင်းနဲ့ အတူ စတင်ပွဲကစားခွင့်ရရှိခဲ့ပါတယ်။ 

 

Most Read

Most Recent