ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့်နည်းပြများစာရင်းတွင် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် တတိယနေရာ၌ ရပ်တည်နေ

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့်နည်းပြများစာရင်းတွင် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် တတိယနေရာ၌ ရပ်တည်နေ
Photo: Forbes
Photo: Forbes
Published 29 September 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် တတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ငါးပွဲအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးဖြင့် ခုနစ်မှတ်သာရရှိထားပြီး အဆင့် ၁၁ နေရာ ရောက်ရှိနေသည်။ လိဂ်ဖလား ပြိုင်ပွဲ၌ စတုတ္ထအဆင့်သို့ တက်ရောက်ထားနိုင်သော်လည်း ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ် တွင် နယ်သာလန်ကလပ် တွမ်တီးအသင်းကို အနိုင်မရဘဲ အိမ်ကွင်း၌ ၁-၁ ဖြင့် သရေကျထားသည်။

သို့ဖြစ်ရာ ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၆) မတိုင်မီ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် အဲရစ်တန်ဟက်ဂ်မှာ အလေးပေးမှု ၆/၁ ဖြင့် တတိယနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။ 

အဲဗာတန်အသင်း နည်းပြ ရှောင်ဒိုက်က ၉^၄ ဖြင့် ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေပြီး ဝုလ်ဗ်အသင်း နည်းပြ ဂယ်ရီအိုနေးလ်က ၉/၂ ဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ 

၎င်းတို့သုံးဦး၏ နောက်တွင် ရပ်ဆဲလ်မာတင် (ဆောက်သမ်တန်)၊ လိုပယ်တယ်ဟီ (ဝက်စ်ဟမ်း)၊ စတိဗ်ကူးပါး (လက်စတာ) တို့က ၇/၁ ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်းသိရသည်။

Most Read

Most Recent