အက်စတွန်ဗီလာ - ဘုန်းမောက် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၃၀ နာရီ)
ဘုန်းမောက်က နောက်ဆုံး (၃) ပွဲမှာ (၂) ပွဲနိုင်ခဲ့ပြီး နောက်ဆုံးနိုင်ပွဲက အာဆင်နယ်လို ပုံစံကောင်းပြနေတဲ့ အသင်းတစ်သင်းဖြစ်တယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ လီဗာပူးလ်နဲ့ လက်စတာတို့ကို ဆက်တိုက်ရှုံးထားပြီး ဂိုးတောင်မရခဲ့ဘူး။ ဗီလာက လက်ရှိအချိန်မှာ အကောင်းဆုံပုံစံပြသနေတဲ့အသင်းဖြစ်ပြီး အဆင့် (၄) နေရာမှာ ရပ်တည်နေတာလည်း တွေ့ရတယ်။ အိမ်ကွင်းလည်း ဖြစ်နေတယ်။ ဗီလာပဲ နိုင်မယ်။
ဘရန့်ဖို့ဒ် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၃၀ နာရီ)
ဘရန့်ဖို့ဒ်က နောက်ဆုံးကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တယ်။ ကစားပုံက သိပ်အားရစရာမရှိခဲ့ပေမယ့် ဝစ်ဆာပြန်ပါလာတာက အသင်းရဲ့တိုက်စစ်ပို်င်းအတွက် အားတက်စရာဖြစ်တယ်။ အစ်ဝစ်ချ်ကတော့ နှစ်ပွဲဆက်ရှုံးပွဲနဲ့အတူ အားနည်းလွန်းတဲ့ ခံစစ်ကိုလည်း မြင်တွေ့နေရတယ်။ လက်ရှိခြေစွမ်းအရ ဘရန့်ဖို့ဒ်ကွင်းမှာ အစ်ဝစ်ချ် ယှဉ် ကစားနိုင်ဖို့ မရှိပါဘူး။ ဘရန့်ဖို့ဒ်ပဲ ကြိုက်တယ်။
ဘရိုက်တန် - ဝုလ်ဗ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၃၀ နာရီ)
ဘရိုက်တန်က လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး နောက် ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာလည်း စပါးနဲ့ နယူးကာဆယ်တို့လို အသင်းတွေကို အနိုင်ရခဲ့တယ်။ စပါးနဲ့ပွဲမှာ ဂိုးတွေကို နောက်ကနေ ပြန်လိုက်သွင်းပြီး နိုင်ပွဲရခဲ့သလို နယူးကာဆယ်နဲ့ပွဲမှာတော့ အသင်းလိုက်ဟန်ချက်နဲ့ နို်င်ပွဲယူနိုင်ခဲ့တယ်။ ဝုလ်ဗ်ကတော့ ရှုံးပွဲတွေဆက်နေတဲ့ အသင်းပါ။ ဘရိုက်တန်ပဲ နိုင်ပွဲရမယ်။
မန်စီးတီး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၃၀ နာရီ)
မန်စီးတီးအသင်းရဲ့ လက်ရှိ ရလဒ်တွေက အကောင်းဆုံးအနေအထားမှာတော့ ရှိမနေဘူး။ နိုင်ပွဲတွေရနေပေမယ့် (၂) ဂိုးပြတ်နိုင်ပွဲကိုတောင် မရတာ ကြာနေပြီ။ မန်စီးတီးက နိုင်ပွဲတွေ မှန်မှန်ယူနေပေမယ့် အားအကောင်းဆုံးပုံစံတော့ မဟုတ်တာသေချာတယ်။ ဒါပေမဲ့ ဆောက်သမ်တန်က ဂိုးတွေအများကြီး ပေးနေကျအသင်းဖြစ်နေပြီး နောက်ဆုံး (၄) ပွဲဆက် ဂိုးတွေတော့ သွင်းနိုင်ခဲ့တယ်။ ဒီပွဲကတော့ မန်စီးတီး ဂိုးပြတ်နိုင်မှာပါ။
အဲဗာတန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၁၁:၀၀ နာရီ)
အဲဗာတန်က ဗီလာကို အကြိတ်အနယ်ကစားပြီး ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစွမ်းတိုးတက်လာတယ်။ ရလဒ်တွေလည်း ကောင်းလာတယ်။ နောက်ဆုံး (၄) ပွဲမှာ နိုင်ပွဲ (၂) ပွဲနဲ့ သရေ (၂) ပွဲ ကစားခဲ့တယ်။ နိုင်သင့်တဲ့ပွဲတွေ ပြန်နိုင်လာတယ်။ ဖူလ်ဟမ်ကတော့ မန်စီးတီးနဲ့ပွဲမှာ အထင်ကြီးစရာပုံစံပြခဲ့ပေမယ့် ဗီလာကိုတော့ ဂိုးပြတ်ရှုံးသွားခဲ့တယ်။ လက်ရှိ ရလဒ်ပိုင်းမှာ အဲဗာတန်သာနေပေမယ့် ဖူလ်ဟမ်ကိုပဲ ပိုကြိုက်တယ်။