မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ကြိုတင်ပြင်ဆင်ရတော့မည့် မြစ်ရေကြီးမှုများ

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ကြိုတင်ပြင်ဆင်ရတော့မည့် မြစ်ရေကြီးမှုများ
ဗန်းမော်မြို့တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်
ဗန်းမော်မြို့တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်
Published 7 July 2024
ဇော်မင်းနိုင်

ဇွန်လကုန်ပိုင်းမှ စတင်ကာ ကချင်ပြည်နယ်တွင် မလိခမြစ်ရေကြီးမှု ဖြစ်ပွားလာသဖြင့်  ၀ိုင်းမော်မြို့၊ မြစ်ကြီးနားမြို့များတွင် ရေကြီးရေလျှံမှုများကို ဒေသခံများခံစားခဲ့ရ သည်။

ထို့ပြင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်း တွင် မလိခမြစ်ရေ တိုက်စားမှုများကြောင့် လမ်းကြောင်းအချို့ ပျက်စီးခဲ့ပြီး လပိုင်းကြာ မြင့်နိုင်ကြောင်း ယာဉ်မောင်းများနှင့် လမ်း ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြော ကြားသည်။

ယာဉ်မောင်းတစ်ဦးက”မြစ်ဆုံအထက် ၃၅ မိုင်နဲ့ တီယန်ဇွပ်ကြားက မေလိခ မြစ် ကမ်းဘေးက လမ်းကြောတစ်ခုလုံးထိသွား တယ်။ အောက်က မြေရေ တိုက်ပြီး အပေါ်က လည်း တောင်ပြိုနေတာ။လူလွတ်ရုံးဖို့ မလွယ် ဘူး။ ကားလည်း အစီး၂၀ လောက်က တီယန် စွပ်နှင့် ဆွမ်ပရာဘွမ်ကြားမှာ ပိတ်မိနေတယ်။လမ်းပြင်ဖို့လည်း နှစ်ဖက်လက်နက်ကိုင်တွေ နဲ့ဆိုတော့ မလွယ်ဘူး ။ မြစ်ဆုံအထက်က အင်ဆွပ်တံတား ပါသွားတယ်။အားလုံး ပြင်ဖို့ လချီမယ်” ဟု ပြောကြားသည်။

လွန်ခဲ့သည့် ဇူလိုင် ၁ ရက် ရေကြီးမှုအ တွင်း မလိခမြစ်တွင် ရေတိုက်စားမှုများ ဖြစ် ပေါ်ခဲ့ပြီး ကမ်းပါးပြိုမှုကြောင့် နေအိမ်ဆယ် နှင့်ချီ ပါသွားကြောင်း မြင်တွေ့ခဲ့သူများက ဆိုသည်။

“အိမ်တွေပါသွားတာက တီယန်ဇွပ် ဆိုင်တန်း တစ်ကြောလုံးပဲ။ လမ်းတစ်လျှောက် အိမ်တွေလည်း မြစ်ကမ်းဘက်ကဆိုရင် မတွေ့ခဲ့တော့ဘူး။ ကားလမ်းဘေးမဟုတ်တဲ့ အထက် ရွာတွေကလည်း လေးငါးဆယ်ပါ သွားကြတယ်ပြောကြတယ်။ မလိခမြစ်က ရွှေအကြီးအကျယ်တူးလိုက်တော့ မြစ်ကော လာတယ်။ ရေက အဆမတန်ကြီးလာတော့ ကမ်းတွေကိုထိုးပြိုတဲ့သဘောပဲ”ဟု ဆိုသည်။

ပူတာအိုဒေသမှာ သုံးလကျော်ကြာ လမ်းပိုင်း ပိတ်ထားခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင်လ နောင်းပိုင်းမှ စတင်ကာ ကုန်စည်နှင့် လောင် စာဆီယာဉ်များ စတင်ဝင်ရောက်နိုင်ခဲ့သည့် ဒေသဖြစ်ပြီး ယင်းလမ်းပျက်စီးမှုအတွက် ဒေသခံများမှာ စားသောက်ကုန်များ ထပ်မံ စျေးတက်မည်ကို စိုးရိမ်နေကြသည်။

ပူတာအိုခရိုင်တွင် မြို့နယ်ခြောက်မြို့ နယ်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦးနေထိုင်ကြောင်းသိရပြီး လယ်စိုက် ဧက ၂၅၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်ရေမြင့်တက်မှု ကြောင့် ကချင်ပြည်နယ်အတွင်း မိသားစု ပေါင်း ထောင်နှင့်ချီထိခိုက်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ခတ်ချို၊ နောင်ဟီး၊ စန်းကား၊ ဦး လောက်၊ ရွာသစ်၊ တာလောကြီးဒေသမှ ပြည် သူများ အထိအခိုက်များပြားခဲ့ကြောင်း  ဒေသ ခံများ၏ ပြောကြားချက်များအရ သိရသည်။

မြစ်ကြီးနား အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကြက်ပေါင်ခြံ၊ ရမ်ပူ၊ လယ်ကုန်း၊ မြို့သစ်ကြီး စသည့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ မှာ နှစ်ထပ်အိမ်များပင် နစ်မြုပ်ခဲ့သည်။

လယ်ကုန်းရပ်ကွက် ဒေသခံတစ်ဦးက “လယ်ကုန်းအောက်ချိုင့်ခေါ်တဲ့နေရာက အ ရင်က ဘယ်သူမှမနေတဲ့ချိုင့်လေ။ အဲဒါ ရွှေ ဘို၊ ရေဦးဘက်ကတွေ စစ်ပြေးလာပြီး အခုနှစ် ပိုင်းထဲ ဆောက်ပြီးနေတာ။ အိမ်တွေ ရာချီမယ်။ အားလုံးက အမိုးမမြင်ရသေးဘူး။ ရက်ကန်း သမားတွေ၊ ပန်းရန်နဲ့လက်လုပ်လက်စားအ ဖွဲ့တွေများတယ်။ အခုကို တချို့အိမ်တွေက ခေါင်မိုးတွေမှာ တက်နေကြတာ။ ကယ်ဆယ် ရေးတွေလည်း မလာနိုင်ဘူးလေ။ ဆုံးရှုံးချက် ကတော့ အားလုံးကို ထိသွားတာ။ စားဖို့၊ ရောင်းဖို့ စိုက်ထားတာတွေ အကုန်ရေနစ် တော့ ဒါပြီးရင် စားဝတ်နေရေးက ပိုကျပ်တည်း ဦးမှာ။ မြို့က အရင်ကနဲ့ မတူဘူး။ ရှိသမျှ စစ် ပြေးက မြစ်ကြီးနားဘက် စုလာတာ” ဟု ပြော ကြားသည်။

          လူမှုကူညီရေးအသင်းတွင် ကူညီနေသူ ကိုမောင်ကျော်က “ရေကလည်း ရက်ချင်းတက် လာတယ်။ အကူအညီပေးနိုင်တဲ့ အဖွဲ့တွေက လည်း အင်အားကမရှိကြဘူး။ နောက်ပြီး မြစ် ကြီးနားက ဆီဆိုင်ကြီးတွေက ဆီမရောင်းတော့ ဘူး။ လမ်းဘေးဆိုင်မှာ စျေးကြီးပေးဝယ်နေရ တာ။ လှေရှိသူက ဆီမရှိတော့ မကူညီနိုင်ဘူး။ အဲဒီလိုတွေ ပရမ်းပတာဖြစ်နေတာ” ဟု ပြော ကြားသည်။

          ထို့ပြင် ကချင်ပြည်နယ်တွင် မြစ်ရေကြီး မှုကြောင့် နေအိမ်အတွင်းပိတ်မိနေသူများ လည်းရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

          တာဆန်းနှင့် မိုင်းမောရွာကြားရှိ ပလတ် စတစ်စက်ရုံပေါ်တွင် လူပေါင်း ၆၀ ကျော် ပိတ် မိနေပြီး ဇူလိုင် ၂ ရက် နံနက် ၃ နာရီတွင် အ ကူအညီပေးသည့်အဖွဲ့များ၏ ဆက်သွယ်နိုင် သမျှဖုန်းများကို ဆက်နေသော်လည်း မည် သည့်ကယ်ဆယ်ရေးအဖွဲ့မှ ရောက်မလာ ကြောင်း၊ သောက်ရေး၊ စားစရာများ ပြတ်လပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

          မိုးလေဝသနှင့် ဇလဗဒေညွှန်ကြားမှုဦး စီးဌာန၏ မိုးလယ်ကာလထုတ်ပြန်ချက်အရ  မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေ သည် ဗန်းမော်၊ ရွှေကူ၊ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး နှင့် ဆိပ်သာမြို့တွင် တစ် ကြိမ်ခန့်စီ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် နှစ် ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မ လင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်း ကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အ ထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရ သည်။

          အလားတူ မြစ်သာမြစ်ရေသည် ကလေး မြို့တွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ် ရေသည် တောင်ငူမြို့တွင် တစ်ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် နှစ်ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေ သည် ရွှေကျင်မြို့တွင် နှစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေ သည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေ သည် ဖားဆောင်းမြို့တွင် တစ်ကြိမ်ခန့်နှင့် ဘားအံမြို့တွင် နှစ်ကြိမ်ခန့်၊ သောင်ရင်းမြစ် ရေသည် မြဝတီမြို့တွင် နှစ်ကြိမ်ခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေ သည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလား တန်မြစ်ရေသည် ကျောင်းတော်မြို့တွင် တစ် ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့ တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။

ဇွန်လ တတိယ ၁၀ ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက်အနေဖြင့်လည်း ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မြင်းမူမြို့တို့တွင် ငါးပေမှ ရှစ်ပေခန့်၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင် လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့ တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ကြောင်း သိရ သည်။ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါနှင် ရွှေစာရံမြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ မြစ် ငယ်မြို့တွင် ငါးပေခန့်၊ စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေမှ သုံး ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့ တွင် နှစ်ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တွင် နှစ်ပေမှ လေးပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် နှစ်ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

လက်ရှိအခြေအနေများအရ မြန်မာနိုင် ငံအထက်ပိုင်းဒေသမှ စီးဆင်းလာမည့်မြစ် ရေများမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ရောက်ရှိလာနိုင် မည်ဖြစ်ရာ မြစ်ရေအခြေအနေများကို သတိ ပြုနေထိုင်ကြရန် မိုးလေဝသလေ့လာစောင့် ကြည့်သူ ဦးဝင်းနိုင်က ပြောကြားသည်။

“လက်ရှိအချိန်မှာ ဧရာဝတီမြစ်နဲ့ချင်း တွင်းမြစ်ဖျားဒေသတွေမှာ ရေကြီးနေပြီး မြစ် ရေအောက်ဘက်ဆင်းလာချိန်နဲ့ လေဖိအား နည်းရပ်ဝန်းကြောင့် မုတ်သုံအားပိုကောင်း လာပြီး မိုးပိုလာချိန် တိုက်ဆိုင်နေတာကြောင့် မြန်မာနိုင်ငံမြစ်ကြီးများအားလုံးမှာ မြစ်ရေများမြင့်တက်လာနိုင်မဲ့ အခြေအနေလဲ ရှိနေပါ တယ်။ ဒါကြောင့် မြစ်ကမ်း၊ ချောင်းကမ်းအနီး အနားနေထိုင်ကြ သူများ ဖြစ်လာနိုင်မဲ့ ရေနဲ့ ပတ်သက်တဲ့ သဘာဝ ဘေးအန္တရာယ်များကိုရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ် ဆောင်ထားသင့်ပြီဖြစ်ကြောင်း အသိပေး တင်ပြလိုက်ပါတယ်” ဟု ဦးဝင်းနိုင်က၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းအထက်ပိုင်းဒေသများတွင် မိုးများလာ နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီနှင့် ချင်းတွင်း မြစ်ရေများမှာလည်း အောက်ဘက်သို့ဆင်း လာနိုင်ကြောင်း ဦးဝင်းနိုင်က ဆက်လက်ရေး သားထားသည်။

          “နောက်လာမယ့် ၂၄ နာရီအတွင်းမှာလဲ အလယ်ပိုင်းဒေသအချို့မှာ မိုးရွာနိုင်ခြေနည်း ပြီး နေရာကွက် မိုးကြီးနိုင်ပေမဲ့ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း မှာတော့ မိုးဆက်လက်များနေဦးမှာပါ။ ဧရာ ဝတီ၊ ချင်းတွင်းမြစ်ရေများက စိုးရိမ်ရေမှတ် ကျော်လွန်နေတဲ့ ဗန်းမော်၊ ကသာ၊ ရွှေကူမြို့ တွေမှာ အနည်းငယ်ကျဆင်းနေပြီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့တွေမှာတော့ ဆက် တက်နေတုန်းပါဘဲ။ ပထမရေကြီးကာလအ တွင်း ချင်းတွင်းနဲ့ ဧရာဝတီမြစ်အထက်ရေများ အောက်ဘက်ကို ဆက်လက်ဆင်းလာဦးမှာ ဖြစ်တာကြောင့် မြစ်ရေအခြေအနေသတိပြုပြင်ဆင်ကြတာကိုတော့ ပေါ့လျော့လို့ မဖြစ် သေးပါ” ဟု ဦးဝင်းနိုင်က ရေးသားထားသည်။

          လက်ရှိတွင်လည်း ကချင်ပြည်နယ်အ ထက်ပိုင်းဒေသများတွင် မိုးများပြီး ရေကြီးရေ လျှံမှုများဖြစ်ပွားခဲ့ရာ ယင်းမြစ်ရေများမှာ အောက်ပိုင်းဒေသများသို့ ဆက်လက်စီးဆင်း လာမည်လည်းဖြစ်သည်။

          မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် သုံးရက်အတွင်း ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့်၌ ရောက်ရှိနေပြီး အဆိုပါ မြစ် ရေသည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ စစ်ကိုင်းမြို့ တွင် စိုးရိမ်ရေမှတ်အောက် ငါးပေခွဲကျော်ခန့် ၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်သို့လည်းကောင်း၊ မြင်းမူမြို့တွင် စိုးရိမ် ရေမှတ်အောက် ငါးပေခွဲခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အောက် လေးပေ ခွဲကျော်ခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ ညောင်ဦးမြို့ တွင် စိုးရိမ်ရေမှတ်အောက် လေးပေခွဲခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့လည်းကောင်း အသီးသီး ရောက်ရှိနိုင် ကြောင်း သိရသည်။

အလားတူ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကျော်ခန့်၌ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် လာမည့် ၁၂ နာရီအတွင်း ယင်း မြို့၏ စိုးရိမ်ရေမှတ်သို့လည်းကောင်း၊ မင်း ကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲ ခန့်၌ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့လည်းကောင်း၊ မုံရွာမြို့တွင် စိုးရိမ် ရေမှတ်အောက် တစ်ပေခွဲကျော်၌ ရောက် ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ် ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ လည်းကောင်း အသီးသီးရောက်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ယင်းကြောင့် မြစ်ရေကြီးမှုများကို ကြို တင်ကာကွယ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ် ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန် ကြို တင်ပြင်ဆင်ရတော့မည်ဖြစ်သည်။