ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်းစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအားအသစ်ပြဋ္ဌာန်းရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်းစီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအားအသစ်ပြဋ္ဌာန်းရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 22 August 2024

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအား ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး ဥပဒေအား အသစ်ပြဋ္ဌာန်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

သြဂုတ် ၂၁ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အ စည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင် ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၃) သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် မဟာဗျူဟာ အကောင်အထည်ဖော်မှုကာလပြီးမြောက်ခဲ့ပြီးဖြစ်၍ ဒုတိယဝန်ကြီး ဦး ဆောင်သည့် အမျိုးသားအဆင့် မဟာဗျူဟာ ပြန်လည်သုံးသပ်ရေးကော်မတီအား ဖွဲ့စည်း တာဝန်ပေးခဲ့ပြီး မဟာဗျူဟာအပေါ် ပြန် လည်သုံးသပ်ခြင်း၊ အမျိုးသားအဆင့်မဟာ ဗျူဟာ (၂၀၂၄- ၂၀၂၈) မူကြမ်းရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါမူကြမ်းအား အစည်းအဝေးတွင် အ တည်ပြုသွားမည်ဖြစ်ကြောင်း၊ မူကြမ်းအ တည်ပြုပြီးပါက မဟာဗျူဟာပါ ရည်မှန်းချက် များကို ထိရောက်အောင်မြင်စွာ အကောင်အ ထည်ဖော်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာ နများနှင့် အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်းကောင်းဖြင့် ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF က မြန်မာနိုင်ငံကို ဆုံးရှုံး နိုင်ခြေမြင့်မားပြီး အရေးယူဆောင်ရွက်မှု များပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံ နှင့် ဒေသများစာရင်းသို့ ပြောင်းလဲသတ်မှတ် ခဲ့ကြောင်း၊ FATF ၏ မြန်မာနိုင်ငံအပေါ် လိုက်နာမှုအားနည်းချက် ရှစ်ချက်ကို အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအ တွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင် သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့်လည်း တစိုက်မတ် မတ် အားစိုက်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်း ပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေး ၏ ထုတ်ပြန်ချက်အရ အလေးထားစိစစ်မှု များပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင် ငံနှင့်ဒေသများစာရင်းမှ ပြောင်းလဲပေးခြင်း မရှိကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်း တိုးတက်ဆောင်ရွက်မှုများ ဆောင် ရွက်နိုင်ခြင်းမရှိပါက FATF မှ တိုးမြှင့်အရေး ယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် စဉ်းစား သွားမည်ဟု ဖော်ပြခဲ့ကြောင်း၊ ယင်းအတွက် ကြောင့် တိုးတက်ဆောင်ရွက်မှုများ ပြသ နိုင်ရန် FATF ၏ ဗခအငသည ဏူညေ တွင် ပါရှိ သည့် အချက်များဖြစ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးခဝါ ချမှုတိုက်ဖျက်ရေး ဥပဒေအားပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံ ခန့်ခွဲရေး ဥပဒေအား အသစ်ပြဋ္ဌာန်းရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ မတိုင်ခင် တိုးတက်မှုပြသနိုင်ရန် ဗခအငသည ဏူညေ တွင် ပါရှိသည့်အချက်များကို သက်ဆိုင် ရာဌာနများအလိုက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ၎င်းင်းက ပြောကြားသည်။

ဆက်လက်၍ ငွေကြေးခဝါချမှုတိုက် ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသား အဆင့် မဟာဗျူဟာနယ်ပယ် (၅) ရပ်နှင့် ငွေ ကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာလုပ်ငန်း အဖွဲ့တို့မှ တက်ရောက်လာသူများက မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင် ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိ ယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုတိုက်ဖျက် ရေး ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၅)ရပ်မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးငါးဦး၊ ငွေကြေးခဝါချမှုနှင့် အ ကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးလုပ်ငန်းအဖွဲ့မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကိုးဦး၊ အထူးဖိတ်ကြားထားသူနှစ်ဦး စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent