ရန်ကုန်မြို့တွင် PDF အဖွဲ့ဝင် ၁၇ ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ

ရန်ကုန်မြို့တွင် PDF အဖွဲ့ဝင် ၁၇ ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ
Published 11 July 2024

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း ၁၇ ဦးကို  မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ဇူလိုင် ၁၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က PDF သင်တန်းဆင်း အလင်းဝင်ရောက် လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ရာ ယခုဆိုလျှင် အလင်းဝင်ရောက်လာသူ စုစုပေါင်း ၁၂၀ အား လွှဲပြောင်းအပ်နှံ နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့်  အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ အလင်းဝင်ရောက်လာသူ များနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ယခု လိုကြိုဆိုလက်ခံမှု အခြေနေများကို နီးစပ်ရာ သက်ဆိုင်သူများကိုပါပြောပြ၍ ထပ်မံစည်းရုံး ပေးရန်လိုပါကြောင်း၊ အလင်းဝင်ရောက်လာ သူများ အနေဖြင့် ပြန်လည်ဝင်ရောက်လာကာ နောက်ပိုင်း ကာလမှာ ကောင်းမွန်စွာနေထိုင် ပြီး နိုင်ငံအကျိုးပြုသူများဖြစ်လာစေရန် ကြိုး စားနေထိုင်ရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ် ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများ က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်း ဆင်း ၁၇ ဦးကို မိသားစုဝင်များထံ လွှဲပြောင်း အပ်နှံပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ကာ PDF သင်တန်းဆင်း အလင်းဝင် ရောက်လာသူ လူငယ်များ၏ မိသားစုဝင် များကိုယ်စား အဒေါ်တော်စပ်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား ခဲ့ကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင် တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ် များနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent