မောင်တောမြို့ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်မည်ဖြစ်သဖြင့် ဒေသခံများမြို့တွင်းမှ ထွက်ခွာရန် AA အဖွဲ့က ကြေညာခဲ့ပြီး ဒေသခံများ မည်သည့်နေရာကို သွားရမည်နည်းဟု ဘင်္ဂါလီအရေးလှုပ်ရှားသူ NUG လူ့အခွင့်အရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မေးခွန်းထုတ်

မောင်တောမြို့ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်မည်ဖြစ်သဖြင့် ဒေသခံများမြို့တွင်းမှ ထွက်ခွာရန် AA အဖွဲ့က ကြေညာခဲ့ပြီး ဒေသခံများ မည်သည့်နေရာကို သွားရမည်နည်းဟု ဘင်္ဂါလီအရေးလှုပ်ရှားသူ NUG လူ့အခွင့်အရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မေးခွန်းထုတ်
Published 17 June 2024

ရခိုင်ပြည်နယ်  မောင်တောမြို့ရှိ လုံခြုံ ရေးစခန်းများကို တိုက်ခိုက်မည်ဖြစ်သဖြင့် ဒေသခံများမြို့တွင်းမှ ထွက်ခွာရန် AA အဖွဲ့ က  ဇွန် ၁၆ ရက်တွင် ကြေညာခဲ့ပြီးဒေသခံများ မည်သည့်နေရာကို သွားရမည်နည်းဟု ဘင်္ဂါလီ အရေးလှုပ်ရှားသူ NUG လူ့အခွင့် အရေးဌာနမှ တာဝန် ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်မိုးက ၎င်း၏ ဖေ့ဘွတ်အကောင့်တွင် မေးခွန်းထုတ်ထားသည်ကို တွေ့ရသည်။

ဦးအောင်ကျော်မိုးက“ထွက်သွားခိုင်း တာကတော့ဟုတ်ပါပြီ။ ဘယ်ကို ထွက်သွား ရမှာလဲဆိုတာ ရှိတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်ရှောင်ရမှာ လား၊ ဘယ်ကိုထွက်သွားပေးရမှာလဲ။ အဖြေ တော့ပေးရမှာလေ။ AA ရဲ့ လွတ်မြောက်နယ် မြေတွေမှာစီစဉ်ပေးထားတယ် ဒါမှမဟုတ် ထိန်းချုပ်နယ်မြေတွေကို ပြေးကြပါ။ အခု က အဲလိုလမ်းညွှန်ချက်လည်း မတွေ့ရဘူး။ဘင်္ဂ လားဒေ့ရှ်က နယ်စပ်ပိတ်ထားတယ်။ ဘူးသီးတောင်ဘက်လည်းလမ်းပိတ်ထားတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

AA အဖွဲ့၏ကြေညာချက်တွင် ဘင်္ဂလား ပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ လုံခြုံရေး(မူရင်းစစ် ကောင်စီဟုသုံးနှုန်းထား)စခန်းများ အားလုံး နီးပါးကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီး သည့်အချိန်တွင် မောင်တောမြို့နှင့် မောင် တောမြို့ပတ်ဝန်းကျင်ရှိ လက်ကျန် စခန်းများ အားလုံးကိုလည်း မိမိတို့မှဝိုင်းရံပိတ်ဆို့ ဖြတ် တောက်ထားပြီးဖြစ်ကြောင်း ဖော်ပြ ထားည်။

တပ်မတော်သည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကိုပြုလုပ်ရန်ကြိုတင် ပြင် ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင် တော မြို့သူမြို့သားများ အနေဖြင့် တပ်မ တော်၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင် ထားသော နေရာများ၊ တိုက်တာအဆောက် အအုံ များပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ် ထား သောနေရာများနှင့်တပ်မတော်တပ်ဖွဲ့ ဝင် များရှိရာနေရာများတွင် အတူပူးတွဲနေထိုင် ခြင်းမျိုးမရှိစေရန် သတိပေးအပ်ကြောင်း ဖော်ပြပါရှိသည်။

မောင်တောဒေသခံ ပြည်သူလူ ထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တောမြို့သူမြို့သားများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ ည ၉ နာရီ အ ချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အ မြန်ဆုံး ချက်ချင်းထွက်ခွာရန် အလေးအနက် အသိပေး ထုတ်ပြန်ကြောင်း AA အဖွဲ့ကြေ ညာချက်တွင်ပါရှိသည်။

Most Read

Most Recent