PDF အဖွဲ့များနှင့် ဆက်သွယ်ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ သထုံမြို့ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်  နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်

PDF အဖွဲ့များနှင့် ဆက်သွယ်ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ သထုံမြို့ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်  နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်
Published 22 August 2024

PDF အဖွဲ့များနှင့် ဆက်သွယ်ထောက် ပံ့မှုများလုပ်ဆောင်ခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် သထုံမြို့၊ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း လုံခြုံရေး တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း ထားသည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဌေးလှိုင်ထွန်း နှင့် အောင်ကိုမင်း ဆိုသူတို့ဖြစ် ကြောင်း၊ ၎င်းနယ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦး မှာ PDF များအား ဆက်သွယ်ကာ ငွေကြေး ထောက်ပံ့နေကြောင်းကို  facebook user တစ်ဦးက လူမှုကွန်ရက်စာမျက်နှာပေါ် post တင်ခဲ့သည့်အတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုများ လုပ် ဆောင်နေသည်ဟု ယူဆရကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သူတို့ (နယ်ထိန်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ဌေးလှိုင်ထွန်းနှင့် အောင်ကိုမင်း) နှစ်ဦးကို သြဂုတ်လ ဒုတိယ အပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ သိရပါတယ်။ သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီး ထိန်းသိမ်းထားလဲတော့ မသိရသေးဘူး” ဟု ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုး မှာ PDF များထံ သတင်းပေးပို့မှုဖြင့် ၎င်းအား လုံခြုံရေးတပ်ဖွဲ့က ကျိုက်ထိုမြို့၊ မြောက်ပိုင်း ရပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် နှစ်ရက်အကြာ သြဂုတ်လ ၁၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော် ကိုလည်း PDF များထံသတင်းပေးပို့မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့ဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်က လည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်း နှင့် ယာဉ်ထိန်း ရဲတပ်ကြပ် အောင်နိုင်ဦးတို့ သုံးဦးမှာလည်း PDF အဖွဲ့များထံ သတင်းများပေးပို့မှုဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent