ဆော်ဒီသို့မပြောင်းရန် တိုနေးအား ခရစ်ဆပ်တန် တိုက်တွန်း

ဆော်ဒီသို့မပြောင်းရန် တိုနေးအား ခရစ်ဆပ်တန် တိုက်တွန်း
Photo: X
Photo: X
Published 22 August 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဘလက်ဘန်းဂန္ထဝင် ခရစ်ဆပ်တန်က ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား ဆော်ဒီသို့ မပြောင်းရွှေ့ရန်တိုက်တွန်းပြောကြားခဲ့သည်။

အင်္ဂလန်တိုက်စစ်မှူး တိုနေး(၂၈ နှစ်)အား ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်အာလီအသင်းက စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။

သို့သော် ဆပ်တန်က တိုနေးအနေဖြင့် ကစားသမားဘဝအကောင်းဆုံးအရွယ်ကို ဆော်ဒီတွင် မဖြုန်းတီးသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘရန်ဖို့ဒ်အသင်းနှင့် ချုပ်ဆိုထားသည့် တိုနေး၏လက်ရှိစာချုပ်မှာ ၂၀၂၅ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းက ၎င်းကို ယခုနွေတွင် ပေါင်သန်း(၆၀) ဖြင့် ရောင်းချလိုနေကြောင်း သိရသည်။ 

တိုနေးသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းထံ ပြောင်းရွှေ့ကစားလိုသော်လည်း အလားအလာနည်းပါးနေကြောင်း သိရသည်။

Most Read

Most Recent