စီးရီးအေချန်ပီယံဆုကိုကာကွယ်ရန် အင်ဇာဂီ ရည်မှန်း

စီးရီးအေချန်ပီယံဆုကိုကာကွယ်ရန် အင်ဇာဂီ ရည်မှန်း
Photo: Inter Xtra
Photo: Inter Xtra
Published 15 August 2024

အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ရာသီသစ်အတွက် ၎င်းတို့၏အဓိကရည်မှန်းချက်မှာ စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးရီးအေပြိုင်ပွဲတွင် ၂၀၂၀-၂၁ ရာသီမှစတင်ကာ ချန်ပီယံအသင်းများမှာ နှစ်ကြိမ်ဆက် ရယူနိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

ထို့ကြောင့် အင်တာမီလန်နည်းပြ အင်ဇာဂီက ရာသီသစ်တွင် စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့က စီးရီးအေလက်ရှိချန်ပီယံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စီးရီးအေချန်ပီယံအသင်းအနေနဲ့ ချန်ပီယံဆုကို မကာကွယ်နိုင်တာတွေကို တွေ့ရပါတယ်။ ဒီတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ရာသီသစ်မှာ စီးရီးအေချန်ပီယံဆုကိုကာကွယ်ဖို့ပါ''ဟု အင်ဇာဂီက ပြောကြားခဲ့သည်။

၂၀၂၄ -၂၅ ရာသီ စီးရီးအေတွင် အင်တာမီလန်အသင်းက ဗိုလ်စွဲရန်ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။ 

Most Read

Most Recent