ဟွိုင်လန်းထက် နူးနက်ဇ် ပိုကောင်းဟု ဒွိုက်ယော့ခ် ပြောကြား

ဟွိုင်လန်းထက် နူးနက်ဇ် ပိုကောင်းဟု ဒွိုက်ယော့ခ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 August 2024

မန်ယူဂန္ထဝင် ဒွိုက်ယော့ခ်က အသင်းဟောင်း မန်ယူတိုက်စစ်မှူး ဟွိုင်လန်းထက် ခါးသီးပြိုင်ဘက် လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က ပိုကောင်းကြောင်း ပြောကြားခဲ့သည်။

ဟွိုင်လန်း(၂၁ နှစ်)သည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၄၃)ပွဲတွင် (၁၆) ဂိုးသွင်းယူခဲ့ပြီး ဒါဝင်နူးနက်ဇ်(၂၅နှစ်)သည် ပြိုင်ပွဲစုံ (၅၄)ပွဲတွင် (၁၈) ဂိုးသွင်းယူနိုင်ခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးသည် ထင်မှတ်ထားသလောက် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ဒွိုက်ယော့ခ်က ''အလဲအလှယ်လုပ်လို့ရမယ်ဆိုရင် ဒါဝင်နူးနက်ဇ်နဲ့ ဟွိုင်လန်းကို လဲလှယ်ချင်ပါတယ်။ ဒါဝင်နူးနက်ဇ်က အကုန်ရှိပြီး ဂိုးသွင်းသေချာရင် ပရီးမီးယားလိဂ်မှာအကောင်းဆုံးဖြစ်လာမှာပါ။ ဘယ်အချိန်ဖြစ်ဖြစ် ဟွိုင်လန်းနဲ့စာရင် ဒါဝင်ကိုပဲ ရွေးမှာပါ''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent