ဆန်ချိုကို ခေါ်ယူရန် မန်ယူအသင်းနှင့် PSG ဆွေးနွေးနေ

ဆန်ချိုကို ခေါ်ယူရန် မန်ယူအသင်းနှင့် PSG ဆွေးနွေးနေ
Photo: X
Photo: X
Published 15 August 2024

PSG အသင်းသည် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအား ခေါ်ယူရန်အတွက် မန်ယူအသင်းနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆန်ချိုသည် ပြီးခဲ့သည့်ရာသီဝက်က ဒေါ့မွန်အသင်းသို့ အငှားသွားကစားခဲ့ရာမှ ပြန်လာပြီး ရာသီကြိုပွဲများနှင့် ကွန်မြူနတီဒိုင်းပွဲတွင် မန်ယူအသင်းအတွက် ပါဝင်ကစားခဲ့ကြောင်း သိရသည်။

ပြင်သစ်မီဒီယာ RMC Sport ၏သတင်းတွင် အသက် (၂၅)နှစ်ရှိ ဆန်ချိုသည် PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေသော်လည်း မန်ယူအသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်ရရှိမှ လက်လွှတ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

ဆန်ချိုသည် မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲ (၆)ပွဲတွင် (၅)ပွဲ ပါဝင်ကစားခဲ့ပြီး မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် လူစားဝင်ကစားခဲ့ခြင်းဖြစ်သည်။

သို့သော် ပယ်နယ်တီအဆုံးအဖြတ်တွင် ဆန်ချို၏ပယ်နယ်တီ မဝင်မှုက မန်ယူအသင်း ကွန်မြူနတီဒိုင်းအား လက်လွှတ်ရခြင်းတွင် အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့သည်။ 

Most Read

Most Recent