■ ဘင်ဖီကာကွင်းလယ်လူ ဂျော်အိုနေးဗီးစ်ကိုခေါ်ယူရန် PSG နှင့် မန်ယူ အပြိုင်ဖြစ်နေပြီး နေးဗီးစ်ကို မရပါက အူဂါတေကို မန်ယူပစ်မှတ် ပြောင်းမည်     

■ ဘင်ဖီကာကွင်းလယ်လူ ဂျော်အိုနေးဗီးစ်ကိုခေါ်ယူရန် PSG နှင့် မန်ယူ အပြိုင်ဖြစ်နေပြီး နေးဗီးစ်ကို မရပါက အူဂါတေကို မန်ယူပစ်မှတ် ပြောင်းမည်     
Photo: Getty Images
Photo: Getty Images
Published 12 July 2024

ဘင်ဖီကာအသင်း၏ ပေါ်တူဂီလူငယ်ကြယ်ပွင့်ကွင်းလယ်လူ ဂျော်အိုနေးဗီးစ်အား ခေါ်ယူရန် PSG အသင်းနှင့် မန်ယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေကြကြောင်း သိရသည်။

    

အသက် (၁၉) နှစ်အရွယ်သာ ရှိသေးသည့် ဂျော်အိုနေးဗီးစ်သည် မန်ယူနိုက်တက်အသင်း ကာလရှည် စောင့်ကြည့်နေသည့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ဘင်ဖီကာအသင်း၏ စျေးနှုန်းသတ်မှတ်မှုကြောင့် ခေါ်ယူရန် နှောင့်နှေးနေခြင်းဖြစ်သည်။ 

ဘင်ဖီကာအသင်းသည် နေးဗီးစ်အတွက် ယူရိုသန်း (၁၂၀) အထိ စျေးခေါ်ထားပြီး မန်ယူအသင်းက ယင်းပမာဏအတွက် ပေးရန် လက်တွန့်နေချိန်တွင် PSG အသင်းက နေဗီးစ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။ 

    

PSG အသင်းသည် ၎င်းတို့အသင်း၏ ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူ အူဂါတေအား ရောင်းထုတ်ကာ ၎င်း၏နေရာတွင် နေးဗီးစ်နှင့် အစားထိုးလိုခြင်းဖြစ်ပြီး မန်ယူအသင်းအနေဖြင့် စဉ်းစားစရာမှာ အူဂါတေကိုယ်တိုင်မှာလည်း ၎င်းတို့ ပစ်မှတ်ထားသည့် ကစားသမားတစ်ဦး ဖြစ်နေခြင်းဖြစ်သည်။

    

ယင်းအတွက်ကြောင့် နေးဗီးစ်ကို PSG အသင်းနှင့် အပြိုင်လုရန် စိတ်ဝင်စားနေသလို PSG သာ နေးဗီးစ်ကို ခေါ်ယူခဲ့ပါက အူဂါတေကို ပြန်လည်ခေါ်ယူရန်လည်း စိတ်ဝင်စားနေသည်ဟု သတင်းများထွက်နေသည်။

Most Read

Most Recent