မက္ကဆီကိုတွင် ဘောလုံးကွင်းအပြင်ဘက်၌ ပရိသတ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

မက္ကဆီကိုတွင် ဘောလုံးကွင်းအပြင်ဘက်၌ ပရိသတ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး
Photo: Getty Images
Photo: Getty Images
Published 15 July 2024

မက္ကဆီကိုတွင် ဘောလုံးကွင်းအပြင်ဘက်၌ ပရိသတ်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်မှာ Chivas အသင်းနှင့် Xolos အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း ရန်ပွဲများ၏ နောက်ဆက်တွဲဖြစ်နိုင်ကြောင်း သိရသည်။

အသက်(၂၄)နှစ်အရွယ် ပရိသတ်သည် နောက်ကျော၊ လက်မောင်းနှင့် ဦးခေါင်းတို့တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ရပ်အတွက် ဗီဒီယိုမှတ်တမ်းများဖြင့် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

Most Read

Most Recent