ဥရောပပြိုင်ပွဲမယှဉ်ပြိုင်ရသဖြင့် နာပိုလီသို့ ကစားသမားများ မလာလိုကြဟု ကွန်တီ ဆို

ဥရောပပြိုင်ပွဲမယှဉ်ပြိုင်ရသဖြင့် နာပိုလီသို့ ကစားသမားများ မလာလိုကြဟု ကွန်တီ ဆို
Photo: AFP
Photo: AFP
Published 15 August 2024

နာပိုလီနည်းပြ ကွန်တီက မိမိတို့အနေဖြင့် ရာသီသစ်တွင် ဥရောပပြိုင်ပွဲမယှဉ်ြ့ပိုင်ရသဖြင့် ကစားသမားအနေဖြင့် နာပိုလီအသင်းသို့ လာရောက်ကစားလိုခြင်းမရှိကြကြောင်း ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက စီးရီးအေတွင် အဆင့် (၁၀) သာ ရရှိခဲ့သဖြင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

နာပိုလီအသင်းသည် ယခုနွေတွင် စပင်နာဇိုလာ၊ ဘူအန်ဂျော်နိုတို့အပါအဝင် ကစားသမား (၄)ဦး ခေါ်ယူထားသော်လည်း နာမည်ကျော်ကစားသမားများကို ခေါ်ယူနိုင်ရန် ရုန်းကန်နေရသည်။

ကွန်တီက '' စျေးကွက်မှာ ကစားသမားတွေရဲ့ တန်ကြေး နဲ့ လစာကိုလည်း ကျွန်တော်တို့ တွက်ချက်ရပါတယ်။ ဒါပေမဲ့ ကစားသမားအများစုကတော့ ကျွန်တော်တို့အနေနဲ့ ရာသီသစ်မှာ ဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်ရဖို့ မရှိတာကြောင့် အသင်းကို လာရောက်ကစားလိုခြင်းမရှိကြပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်သွားမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent