ဘာပေက ဥရောပစူပါဖလားပွဲ ယှဉ်ပြိုင်ဖူးခြင်း မရှိသေးပါဘူး။ သူကစားခဲ့ဖူးတဲ့အသင်းတွေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလား မရခဲ့ဖူးတာကြောင့်ပါ။ UEFA Super Cup လို့ အမည်ရတဲ့ ဥရောပစူပါဖလားပွဲက လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်း ယှဉ်ပြိုင်ကစားရတာပါ။ ဘာပေက ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်မလာခင် ပြင်သစ်ကလပ် မိုနာကိုနဲ့ PSG အသင်းတွေမှာသာ ကစားခဲ့ဖူးပြီး အဲဒီအသင်းတွေက သူကစားချိန်မှာ ဥရောပစူပါဖလားပွဲ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ဥရောပစူပါဖလားပွဲက ဘာပေအတွက် ပထမဆုံးယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပစူပါဖလားပွဲ ဖြစ်လာမှာပါ။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်ကစားသမားအဖြစ် စတင်ပွဲထွက်ခွင့်ရတဲ့ပွဲလည်း ဖြစ်လာမှာကြောင့် ဘာပေရဲ့ နိဒါန်းသစ် အစပြုရာ ဥရောပစူပါဖလားလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုထူးခြားတဲ့ပွဲမှာ ဘာပေ ဘာတွေလုပ်ပြနိုင်မလဲ။ ကြယ်စင်စုထဲက အလင်းဆုံးကြယ်တစ်ပွင့်ဖြစ်ကြောင်း ပြသသွားနိုင်မလား။
ဥရောပစူပါဖလားနဲ့ ဘာပေရဲ့ နိဒါန်းသစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















