ယခုရာသီတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ် ပြိုင်ပွဲစုံ ဂိုး(၃၀) သွင်းယူနိုင်မည်ဟု လူကာတိုနီ ခန့်မှန်း

ယခုရာသီတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ် ပြိုင်ပွဲစုံ ဂိုး(၃၀) သွင်းယူနိုင်မည်ဟု လူကာတိုနီ ခန့်မှန်း
Photos: Getty Images
Photos: Getty Images
Published 7 September 2024

 

ဂျူဗင်တပ်စ်နှင့် အီတလီတိုက်စစ်မှူးဟောင်း လူကာတိုနီက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်အနေဖြင့် ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၀) အထိ သွင်းယူနိုင်လိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့သည်။  

အသက် (၂၄)နှစ်အရွယ်ရှိ ဗလာဟိုဗစ်သည် နည်းပြ မော့တာလက်ထက်တွင် ဂျူဗင်တပ်စ်အတွက် ခြေစွမ်းပြနေပြီး စီးရီးအေပွဲစဉ် (၃) အပြီးတွင် (၂) ဂိုးသွင်းယူထားသည်။ 

ဂျူဗင်တပ်စ်နည်းပြသစ် မော့တာ၏တိုက်စစ်အသားပေးကစားဟန်ကြောင့် ဗလာဟိုဗစ်အနေဖြင့် ဂိုးများပိုသွင်းနိုင်လိမ့်မည်ဟု လူကာတိုနီက ယုံကြည်နေကြောင်းလည်းသိရသည်။ 

လူကာတိုနီက "ရာသီအစပဲ ရှိသေးပေမဲ့ အလားအလာတွေကို တွက်ချက်ကြည့်လို့ရပါတယ်။ ဗီရိုနာနဲ့ပွဲမှာ ဗလာဟိုဗစ်ဟာ (၂) ဂိုးသွင်းယူခဲ့သလို၊ အဲဒီထက် ပိုပြီး ဂိုးရနိုင်တဲ့အခွင့်အရေးတွေကိုလည်း ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ဒီရာသီမှာ ပြိုင်ပွဲ (၅) ခုယှဉ် ပြိုင်ရမှာဖြစ်ပြီး ပွဲပေါင်းများစွာ ကစားရမှာပါ။ ဒါကြောင့် ဗလာဟိုဗစ်အနေနဲ့ ဒီရာသီမှာ ဂိုး(၃၀)သွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent