ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး ယာဉ်လမ်းကြောများ ပိတ်ဆို့

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး ယာဉ်လမ်းကြောများ ပိတ်ဆို့
Published 6 September 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး ယာဉ်လမ်းကြောများပိတ်ဆို့မှု စက်တင်ဘာ ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ လမ်းမကြီးများတွင်သာမက လမ်းသွယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"တာမွေမှာ အာသောကနားရော တာမွေဈေးနားရော ရေတွေကြီးပြီး ကားလမ်းတွေ ပိတ်နေတယ်။မိုးက တော်တော်ရွာတာ။ရေလည်းတော်တော်ပါတယ်။ရေကြီးတော့ လမ်းတွေလည်း ပိတ်နေတယ်။ကားတွေလည်း သွားရတာ အခက်အခဲတွေ ဖြစ်နေတယ်"ဟု တာမွေမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။

တာမွေအဝိုင်းထိပ်မှတ်တိုင်အနီးရှိ Ocean ဈေးဝယ်စင်တာအနီးတွင်လည်း ရေကြီးရေလျှံမှုများဘဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"Ocean နားမှာ ရေတွေကြီးတာ။တစ်ချို့ကားတွေဆိုသွားမရတာတွေ ဖြစ်နေတယ်။အရင်ကလို မိုးများတာနဲ့ ရေကြီးနေတုန်းပါ"ဟု ဗဟန်းမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းအနီးတွင်လည်း ရေကြီးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

"မြေနီကုန်းမှာလည်း ရေတွေကြီးနေတယ်။ကားလမ်းလည်းပိတ်နေတယ်။မိုးတွေရွာတော့ ကားတွေက အရမ်းပိတ်နေတာပါ။ဘက်စ်ကားက နေရာမရွေ့တော့ဘူး"ဟု YBS စီးနင်းသူ တစ်ဦးက ပြောကြားသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုကြောင့် လမ်းများပိတ်ဆို့လျှက်ရှိသည်။

"သဃ်န်းကျွန်းဘက်ကို သုဝဏ္ဏကနေအသွားမှာ ကားတွေ အရမ်းပိတ်နေတာ။သုဝဏ္ဏလမ်းဆုံနားမှာလည်း ကားတွေပိတ်နေတယ်"ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ စက်တင်ဘာ ၆ ရက်မှစတင်ပြီး သုံးရက်တိုင်မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - CJ