ဘက်ဆစ်တက်နှင့် ဆွေးနွေးနေသည်ဆိုသောသတင်းကို ခီယေဆာ၏အေးဂျင့် ငြင်းဆန်

ဘက်ဆစ်တက်နှင့် ဆွေးနွေးနေသည်ဆိုသောသတင်းကို ခီယေဆာ၏အေးဂျင့် ငြင်းဆန်
Photo: Forza Juventus
Photo: Forza Juventus
Published 12 August 2024

ဂျူဗင်တပ်စ်အသင်းမှ အီတလီတိုက်စစ်ကစားသမား ခီယေဆာ၏ အေးဂျင့်ဖြစ်သူက တူရကီကလပ် ဘက်ဆစ်တက်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်းမရှိဟု ငြင်းဆန်ပြောကြားခဲ့သည်။

ခီယေဆာ(၂၆ နှစ်)သည် ဂျူဗင်တပ်စ်အသင်း အရောင်းစာရင်းတင်သွင်းထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး အင်တာမီလန်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ထို့ပြင် ဘက်ဆစ်တက်အသင်းကလည်း ခေါ်ယူရန် ဆန္ဒရှိနေပြီး လစာနှုန်းထားအတွက် ဆွေးနွေးညှိနှိုင်းနေကြောင်း သတင်းထွက်လာသည့်အတွက် အေးဂျင့်ဖြစ်သူက မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ဘက်ဆစ်တက်အသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူက ခီယေဆာကို စိတ်ဝင်စားကြောင်းနှင့် လစာအတွက် ဆွေးနွေးနေကြောင်း ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ခီယေဆာ၏ အေးဂျင့်ဖြစ်သူက ''ဒီလူကို ကျွန်တော် မသိပါဘူး။ ခီယေဆာရဲ့ အပြောင်းအရွှေ့အတွက် သူနဲ့ ဘယ်တုန်းကမှလည်း မဆွေးနွေးခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။

ခီယေဆာကို ခေါ်ယူရန် လက်ရှိအချိန်တွင် ကလပ်အသင်း(၇)သင်းခန့်က စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent