ပြင်သစ်၊ စပိန်နဲ့ အာဂျင်တီးနားတို့ အားပြိုင်မယ့် ပါရီအိုလံပစ်ဘောလုံးပွဲ

ပြင်သစ်၊ စပိန်နဲ့ အာဂျင်တီးနားတို့ အားပြိုင်မယ့် ပါရီအိုလံပစ်ဘောလုံးပွဲ
Photos: Getty Images
Photos: Getty Images
Published 24 July 2024
Wai Yan Aung

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပြင်သစ်အသင်းကို တိုက်စစ်မှူးဟောင်း အွန်နရီက နည်းပြအဖြစ် ဦးဆောင်နေတာပါ။ အွန်နရီက ကစားသမားဘဝမှာ အိုလံပစ်  မဆင်နွှဲခဲ့ဖူးပါဘူး။ ပြင်သစ်အသင်းက ၁၉၈၄ လော့စ်အင် ဂျလိစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ အိုလံပစ်နဲ့ အကြိမ်ကြိမ်လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် အွန်နရီ ယှဉ်ပြိုင်ခွင့်မရခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ဒီနှစ်မှာတော့ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ အွန်နရီကို အိုလံပစ်ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ယူ-၂၁ နည်းပြအဖြစ် ပြီးခဲ့တဲ့နှစ်မှာ ခန့်အပ်ခဲ့တာပါ။ အွန်နရီက ယူ-၂၁ နည်းပြအဖြစ် (၆)ပွဲကိုင်တွယ်ခဲ့ပြီး ဒီနှစ် မတ်လမှာတော့ အိုလံပစ်ယှဉ်ပြိုင်ဖို့ ယူ-၂၃ အသင်းကို ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ယူ-၂၃ အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၅)ပွဲမှာ တော့ ရှုံးပွဲမရှိခဲ့ပါဘူး။ အိမ်ရှင်အဖြစ် ကျင်းပရမယ့် အိုလံပစ်ပြိုင်ပွဲဖြစ်တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက အောင်မြင်မှုရယူနိုင်ဖို့ စိတ်အား ထက်သန်နေပြီး အွန်နရီကို အတောင့်တင်းဆုံးအသင်းဖြစ်အောင် ဖွဲ့စည်းဖို့ တိုက်တွန်းခဲ့ပါတယ်။

 

Most Read

Most Recent