ထိုင်ဝမ်ကို ဝင်ရောက်ခဲ့သည့် ဂယ်မီတိုင်ဖွန်းအရှိန်ကြောင့် မိုးများပြီး ရေကြီးနိုင်သဖြင့် တရုတ်အရှေ့ပိုင်း၌ အာဏာပိုင်များက လူ ၃၀၀,၀၀၀ နီးပါးကို နေရာရွှေ့ပြောင်း

ထိုင်ဝမ်ကို ဝင်ရောက်ခဲ့သည့် ဂယ်မီတိုင်ဖွန်းအရှိန်ကြောင့် မိုးများပြီး ရေကြီးနိုင်သဖြင့် တရုတ်အရှေ့ပိုင်း၌ အာဏာပိုင်များက လူ ၃၀၀,၀၀၀ နီးပါးကို နေရာရွှေ့ပြောင်း
ဖုကျင်းပြည်နယ် ရှားပုခရိုင်ရှိ ဆန်ရှားမြို့၌ လှိုင်းလုံးကြီးများ ကမ်းသို့ ရိုက်ခတ်နေပုံကို ဇူလိုင် ၂၅ ရက်တွင် တွေ့ရစဉ်(Photo:AP)
ဖုကျင်းပြည်နယ် ရှားပုခရိုင်ရှိ ဆန်ရှားမြို့၌ လှိုင်းလုံးကြီးများ ကမ်းသို့ ရိုက်ခတ်နေပုံကို ဇူလိုင် ၂၅ ရက်တွင် တွေ့ရစဉ်(Photo:AP)
Published 26 July 2024

ဂယ်မီတိုင်ဖွန်းမုန်တိုင်းက တရုတ်အနီးရှိ ထိုင်ဝမ်၌ လူငါးဦးသေဆုံးသွားစေခဲ့သည့်  သည်းထန်သော မိုးများကို ရွာစေခဲ့သောကြောင့် ဇူလိုင် ၆ ရက်တွင် တရုတ်အာဏာပိုင်များသည် နိုင်ငံအရှေ့ပိုင်း၌ လူ ၃၀၀,၀၀၀ နီးပါးကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့စေခဲ့ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလည်း ရပ်ဆိုင်းစေခဲ့သည်ဟု သိရသည်။

ဂယ်မီတိုင်ဖွန်းသည် ဇူလိုင် ၂၅ ရက်တွင် ကုန်းတွင်းပိုင်းကို ဝင်ရောက်သည့်အခါ ရှစ်နှစ်အတွင်း ထိုင်ဝမ်ကို တိုက်သည့် အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုင်ဝမ် ဒုတိယအကြီးဆုံးမြို့၏ ရပ်ကွက်များသည် ရေကြီးခဲ့ရသည်။

တိုင်ဖွန်းဂယ်မီသည် ထိုင်ဝမ်တွင် ရှစ်နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်ကာ အာဏာပိုင်များက စာသင်ကျောင်းများနှင့်ရုံးများကို ပိတ်ခဲ့ရကာ  စတော့ရှယ်ယာစျေးကွက်ကို ဆိုင်းငံ့ပြီး ထောင်နှင့်ချီသည့် လူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်။

တိုင်ဖွန်းဂယ်မီသည် ဖိလစ်ပိုင်တွင် တိုက်ခတ်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ တရုတ်သို့ ဦးတည်သွားခဲ့သည်။

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းသည် အားပျော့သွားခဲ့ပြီး မုန်တိုင်း၏ ဗဟိုချက်သည် ပင်လယ်အတွင်းသို့ ရွေ့သွားခဲ့ကြောင်း ထိုင်ဝမ် မိုးလေဝသအာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် တိုင်ဖွန်းဂယ်မီတိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ကာ သင်္ဘောသားကိုးဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဂယ်မီတိုင်ဖွန်းသည် ထိုင်ဝမ်သို့ သွားရာလမ်းတစ်လျှောက်၌ ဖိလစ်ပိုင်ကိုလည်း ဖြတ်ကျော်ခဲ့ရာ ဖိလစ်ပိုင်တွင် ရာသီအလိုက် ရွာသောမိုးများထက် မိုးပိုများခဲ့သည်။ ထို့ ကြောင့် ဖိလစ်ပိုင်တွင် ရေကြီးခြင်းနှင့်မြေပြို ခြင်းတို့ဖြစ်ပွားခဲ့ရာ လူ ၃၀ သေဆုံးခဲ့သည် ဟု ဇူလိုင် ၂၆ ရက်တွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏ ကမ်းလွန်ရေပြင်တွင် ဇူလိုင် ၂၅ ရက်က ဖိလစ်ပိုင် အလံတင်သင်္ဘော တစ်စင်းနစ်မြုပ်ခဲ့ကြောင်း  အာဏာပိုင်များက ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းသုံးလောင်စာ ရေနံလီတာ ၁ ဒသမ ၄ သန်း တင်ဆောင်ထားသည့် MT Terra Nova သင်္ဘောနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ရေနံဖိတ်စင်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

တိုင်ဖွန်းသည် ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီမထိုးမီ တရုတ်အရှေ့ပိုင်းပြည်နယ် ဖုကျင်းတွင် ကုန်းတွင်းကို ဝင်ရောက်သည့်အခါ အားနည်းသွားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

တရုတ်သည် ပြင်းထန်သော မိုးလေဝသ အခြေအနေများဖြစ်ပေါ်ခဲ့သော နွေရာသီကို ကြုံခဲ့ရသည့် နိုင်ငံဖြစ်ပြီး နိုင်ငံ၏ အရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် မိုးများနေချိန် တရုတ်မြောက်ပိုင်းသည် ဆက်တိုက်ဖြစ်ပေါ်သည့် အပူလှိုင်းများဖြင့် ပူလောင်နေခဲ့သည်။

ဂယ်မီတိုင်ဖွန်းကြောင့် မိုးများမည်ဖြစ်ကာ ယင်းသို့မိုးများခြင်းက ရေကြီးမှုကို ဖြစ်စေနိုင်သည်ဟု တရုတ်အာဏာပိုင်များက သတိပေးထားသည်။ ၎င်းတို့က ဖုကျင်းပြည်နယ်တွင် လူ ၂၉၀,၀၀၀ ကျော်ကို ပြန်လည်နေရာချထားပေးထားပြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေးကို ရပ်ဆိုင်းစေခဲ့ကာ မြို့အချို့တွင် ရုံးများ၊စာသင်ကျောင်းများ၊ စျေးများကို ပိတ်ခိုင်းထားသည်။                    

Ref:AFP

Most Read

Most Recent