ခွာရတ်စကယ်လီယာ၏အနာဂတ်ကို မိမိတို့သာ ဆုံးဖြတ်ပေးနိုင်သည်ဟု နာပိုလီအသင်း ကြေညာ

ခွာရတ်စကယ်လီယာ၏အနာဂတ်ကို မိမိတို့သာ ဆုံးဖြတ်ပေးနိုင်သည်ဟု နာပိုလီအသင်း ကြေညာ
Photo: The thao 247
Photo: The thao 247
Published 19 June 2024

 

နာပိုလီအသင်းက ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာ၏ အနာဂတ်ကို မိမိတို့သာ ဆုံးဖြတ်ပေးနိုင်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ခွာရတ်စကယ်လီယာ(၂၃ နှစ်)၏ အေးဂျင့်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့က ခွာရတ်စကယ်လီယာသည် ယခုနွေရာသီတွင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည့်အတွက် နာပိုလီ အသင်းက ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

"ဒီကစားသမားက အသင်းနဲ့ စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိနေပါတယ်။ ခွာရတ်စကယ်လီယာကို ကျွန်တော်တို့ စျေးကွက်မတင်ထားပါဘူး။ စာချုပ်ရှိနေတဲ့ ကစားသမားရဲ့ အနာဂတ်ကို သူ့အေးဂျင့် ဒါမှမဟုတ် သူ့အဖေက မဆုံးဖြတ်နိုင်ပါဘူး။ နာပိုလီကပဲ ဆုံးဖြတ်နိုင်ပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent