ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ
Published 27 July 2024

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် မိုးရွာသွန်းမှုများပြားပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများ ၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အတွင်းရှိ ကံကလေးကျေးရွာအုပ်စုတွင် ရေ ကြီးရေလျှံမှုဖြစ်ပွားနေသဖြင့် ပရဟိတအသင်း အချို့က ကယ်ဆယ်ကူညီမှုများ လုပ်ကိုင်နေရ လျက်ရှိသည်ဟု သိရသည်။

“လယ်ကွင်းတွေလည်း ရေတွေမြုပ်နေ တယ်။ ရွာထဲက အိမ်တွေဆိုရင်လည်း ရေမြုပ် နေတယ်”ဟု သွားရောက်ကူညီလျက်ရှိသည့် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကျေးရွာများတွင် သောက်သုံးရေ အတွက် အဓိကလိုအပ်လျက်ရှိပြီး လှူဒါန်းပေး ကြရန် ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာ ဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အလားတူ ဇူလိုင် ၁၁ ရက်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ပဲတခွဲ ကျေးရွာအုပ်စုတွင် ရေကြီးရေလျှံမှု စတင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာ မြင့်သည်အထိ ရေပြန်ကျခြင်း မရှိသေးပေ။

“ရေကြီးတာ နှစ်ပတ်ကျော်ပါပြီ။ ဒီနေ့မှာ ရေက တစ်ပေလောက် ထပ်တက်လာတယ်။အခက်အခဲကတော့ အများကြီး ရင်ဆိုင်ရတာ ပေါ့။ရေပြန်မကျတော့ စားသောက်ဖို့ အခက် အခဲတွေ ကြုံတွေ့ရပါတယ်။ ကျေးရွာမှာက လက်လုပ်လက်စားတွေများတော့ စားသောက် ရေး ခက်ခဲနေပါတယ်”ဟု ပဲတခွဲကျေးရွာ အုပ်စုနေသူတစ်ဦးက ပြောကြားသည်။

ပဲတခွဲကျေးရွာအုပ်စု၌ အိမ်ခြေ ၁၁၈၀၊ အိမ်ထောင်စု ၁၃၃၃၊ လူဦးရေ ၄၁၂၅ ဦး ရေ ဘေးသင့်နေပြီး မသန်စွမ်းဦးရေ တစ်ရာကျော် လည်း ရေဘေးသင့်နေကြောင်း သိရသည်။

အလားတူသာပေါင်းမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများရှိသဖြင့် အခြေခံပညာ ကျောင်းအချို့ကို ပိတ်ထားလိုက်ရကြောင်း၊ ယခင်ရက်များက ၂၅ ကျောင်း ပိတ်ထားရပြီး ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားလာသဖြင့် ကျောင်းအချို့ကို ထပ်မံပိတ်ထားရာ လက်ရှိ တွင် ကျောင်းပေါင်း ၃၇ ကျောင်းရှိလာပြီဖြစ် ကြောင်း သိရသည်။

ထို့ပြင် ပဲခူး- ရန်ကုန်လမ်းတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ပဲခူးမြို့အ တွင်းတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားနေ သည်ဟု ပဲခူးမြို့ခံများထံမှ သိရသည်။

“ မနက်ကိုးနာရီခွဲမှာပဲခူးမြို့ထဲဝင်ပြီး ၁၂ ခွဲလောက် ပြန်ထွက်တော့ရေက ထပ် တက်လာတယ် ကိုယ်ကအနိမ့်ကားလေးဆိုတော့အင်ဂျင်ခန်းထဲပါရေဝင်လို့သတိထား ပြီး မောင်းခဲ့ရတယ် ညနေပိုင်းလောက်ဆိုကား လေးတွေဖြတ်မရလောက်ဘူး” ဟု ပဲခူးမြို့သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇူလိုင် ၂၆ ရက်တွင် ပဲခူးတိုင်း သာယာဝတီမြို့နယ် စံရွေးကျေးရွာရှိ အမှတ် ၂ တံတားရေတိုက်စားမှုကြောင့် ကျိုးသွားသ ဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည် ဟု သိရသည်။

“ အဲသည့်လမ်းက သာယာဝတီနယ်နဲ့ဇ လွန်နယ်ကို သွားလို့ရတဲ့လမ်းပါ။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကို ပေါင်းကူးထားတာပါ” ဟု ပဲခူးဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် တောင်ကုတ်၊ သံ တွဲ၊ အမ်း အစရှိသည့်မြို့များတွင်လည်း မိုးများ သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ သည်ဟု သိရသည်။

“ ရေကျမယ်လုပ်တုန်း မိုးကထပ်ရွာတော့ ရေက တန့်နေတယ်။ ပြန်မကျသေးဘူး” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောကြား သည်။

သံတွဲမြို့တွင်မူ ဇူလိုင် ၂၅ ရက်က မြို့အ တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း ဇူလိုင် ၂၆ ရက်တွင် ရေများပြန်လည်ကျဆင်း လာပြီဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

ကရင်ပြည်နယ်တွင်လည်း သံလွင်မြစ်ရေ တိုးလာသဖြင့် ဘားအံမြို့တွင် ရေကြီးရေလျှံမှု များ ဇူလိုင် ၂၇ ရက်က ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် ဘားအံမြို့အနိမ့်ပိုင်းရပ် ကွက်များတွင် ရေဝင်ရောက်မှုများရှိနေပြီး အသက်ကယ်လှေများလိုအပ်လျက်ရှိသည်ဟု ဒေသခံလူမှုကူညီရေးအသင်းအချို့ထံမှ သိရသည်။

လက်ရှိတွင် မိုးလေဝသအခြေအနေများ အရ လာမည့် ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တွေမှာ မိုးဆက်လက်များနေနိုင်မည်ဖြစ် ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောကြားသည်။

“မြစ်ရေကြီးနေတဲ့ မြန်မာပြည်တောင် ပိုင်းဒေသများမှာ အထူးသတိထားပြီး ဆက် လက်ရင်ဆိုင်ဖြတ်ကျော်ကြရဘို့ ရှိနေပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှာ ကချင်ပြည် နယ်က စတင်ဖြစ်လာတဲ့ ပထမရေကြီးကာ လက အခု ဇူလိုင် ၂၇ ရက်အထိရောက်လာပြီး ၁ လနီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ အ ကယ်၍မုတ်သုံအားပြတ်ခြင်း၊ အားလျော့ခြင်း မဖြစ်ရင် သြဂုတ်လ လကုန် မိုးလယ်ရာသီ ကုန်ဆုံးချိန်အထိ မိုးတွေဆက်များနေပြီး ရေကြီးရက်ထပ်မံရှည်ကြာသွားနိုင်တာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအတွက် ရေကြီးတဲ့ဒေသ အားလုံးမှာ ဆေးဝါး၊ သောက်သုံးရေလိုအပ် ချက်များ မြင့်တက်လာနိုင်ပါတယ်” ဟု ဦးဝင်း နိုင်က ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦး စီးဌာန၏ ထုတ်ပြန်ချက်အရ လာမည့် နှစ်ရက် အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ထားသည်။

Most Read

Most Recent